ကံတရားအတိုင်းပါပဲ။

ခင်ဘုဏ်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဘဝမှာ ရင်သွေးလေး ပိုင်ဆိုင်ခွင့်မရသေးဘူးလို့ ခင်ဘုဏ်းက ပြောပါတယ်။ သူမကလည်း ဂီတအလုပ်တွေ လုပ်နေသလို ခင်ပွန်းဖြစ်သူကလည်း စီးပွားရေးတွေ လုပ်နေသူဖြစ်ပါတယ်။

Photo: ခင်ဘုဏ်း

ခင်ဘုဏ်းဟာ ဂီတအလုပ်တွေနဲ့ဝေးကွာနေတာ ကြာခဲ့ပါပြီ။ သူမဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အမေရိကမှာ နေထိုင်တာပါ။ လက်ရှိမှာလည်း သူတို့ဇနီးမောင်နှံဟာ ရင်သွေးလေး မယူဖြစ်သေးတဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ ဒါကတော့လည်း ကံပေးသလိုပေါ့နော်။ ခင်ဘုဏ်းတို့ အခုထိရင်သွေးလေး မရတဲ့အတွက် နောက်မှရလာရင်လည်း Welcome ပါ။ မရတော့လည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားပါတယ်။ ရင်သွေးလေး ရမယ်ဆိုရင်တော့ လိုချင်တယ်။ ဒါပေမယ့် အရမ်းကြီး အသည်းအသန်တော့ မဟုတ်ဘူးပေါ့နော်’’ သူကဆိုပါတယ်။ 

Photo: ခင်ဘုဏ်း

လက်ရှိမှာလည်း သူမ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ခင်ဘုဏ်းက ပြောပြထားပါတယ်။ ဂီတကို ဝါသနာပါသူ ဖြစ်တာကြောင့်လည်း ခင်ပွန်းဖြစ်သူက ဂီတအလုပ်တွေ ဆက်လုပ်ဖို့ ပံ့ပိုးပေးလျှက်ရှိတယ်လို့ ဆိုပါတယ်။

‘’ အေးအေးချမ်းချမ်းလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးနဲ့ပေါ့။ ခင်ဘုဏ်း ဒီကိုပြန်လာရင် သူလိုက်လာတယ်။ ၁ လလောက်သူ လာနေတယ်။ သူက အလုပ်ရှိတဲ့သူဆိုတော့ ပြန်ရတယ်။ အစ်မတို့ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ဂီတအလုပ်လေးတွေလုပ်ဖို့ ပ့ံ့ပိုးပေးတယ်’’ လို့ ချစ်သုဝေရဲ့ ‘’ကတိ’’ တစ်ကိုယ်တော်အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: ခင်ဘုဏ်း

ခင်ဘုဏ်းဟာ အမေရိကမှာ နေထိုင်ရင်းလည်း သီချင်းတွေ ဖန်တီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက သူမရဲ့ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်အောင် ဂီတအလုပ်တွေ ဆက်လုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။

‘’မြန်မာနိုင်ငံမှာ တတ်နိုင်သလောက်နေပြီးတော့ ဂီတအလုပ်တွေ လုပ်သွားမှာပါ။ အကြာကြီးတော့ နေလို့မရဘူးပေါ့နော်။ အမျိုးသားကလည်း ဟိုဘက်မှာ ရှိနေတော့ ၅ လလောက်ပဲ အများဆုံးနေလို့ရတာပါ။ အိမ်မှာဆိုရင် အမျိုးသားက ရုံးသွားတာနဲ့ ဆိုတော့ အိမ်မှာ ခင်ဘုဏ်းက တစ်ယောက်တည်းဖြစ်နေတာပေါ့။ အဲဒီလိုအချိန်တွေမှာ ဂစ်တာတီးတီးပြီးတော့ ကိုယ်ပိုင်သီချင်းလေးတွေ ရေးဖြစ်တယ်’’ လို့ ဆိုပါတယ်။ 

Photo: ခင်ဘုဏ်း

ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 



က္က