loading...

loading...

loading...

သာမန်အနေအထား တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
Sabal Thwin

ထူးခြား ကတော့ သူပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးကို နားလည်မှုတွေနဲ့ တည်ဆောက်ထားတယ်လို့ဆိုပါတယ်။ အခုလည်း ရင်သွေးလေးယူတော့မယ်လို့ဆိုပါတယ်။

Photo: Htoo Char

သရုပ်ဆောင် ထူးခြားနဲ့ မခိုင်ဦး တို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း ၃ နှစ်ကျော် ၄ နှစ် နီးပါးရှိလို့နေပါပြီ။ အခုချိန်မှာတော့ မိသားစုလေးတစ်ခုဖြစ်လာဖို့အတွက် ကလေးယူတော့မယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်တို့ အိမ်ထောင်ရေးလည်း အခုလို အခြေအနေဖြစ်လာအောင် တော်တော် တည်ဆောက်ထားရပါတယ်။ ဇနီးက သာမန် ရုံးဝန်ထမ်းတစ်ဦးပါ။ ကျွန်တော့်အလုပ်ကလည်း လက်ရှိမှာ အခြေကျနေပြီဆိုတော့ ကလေးယူတော့မယ်။ ယူဖို့လည်း စဉ်းစားနေပါပြီ။ နောက်ထပ် Plan တွေလည်း အများကြီးရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Htoo Char

သူတို့ ဇနီးမောင်နှံကို အားကျရတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဒါကြောင့် အိမ်ထောင်တစ်ခုမှာ အဓိက ကျတဲ့အရာတွေကို ထူးခြားက ပြောပြလာပါတယ်။

‘’ အိမ်ထောင်ရေးမှာတော့ အသေးဆုံးကနေစပြီး အဓိက ကျတာကတော့ နားလည်မှုပေါ့နော်။ ကျွန်တော် အရင်တုန်းကဆို အလုပ်ကိစ္စနဲ့ ခရီးတွေ အရမ်းသွားရတယ်။ အိမ်မှာတောင် မနေရဘူး။ အဲဒီအပေါ်မှာလည်း နားလည်လာအောင် မနည်းလုပ်ယူထားရတယ်ပေါ့နော်’’ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့က မြ ဇာတ်ကားအတွက် မုဒိမ်းဇတ်ရုပ် ရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htoo char

လက်ရှိမှာလည်း လက်ထပ်ပြီးမှ ၊ စေ့စပ်ပြီးမှ ကွဲသွားကြတဲ့ အိမ်ထောင်ရေးတွေ အများကြီးရှိပါတယ်။ ဒီလို အကြောင်းအရာတွေ အပေါ်မှာလည်းသရုပ်ဆောင်ထူးခြားက စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

‘’ အိမ်ထောင်ကျသွားပြီဆိုရင် မနက်မိုးလင်းတာနဲ့ ဒီမျက်နှာနဲ့ ဒီမျက်နှာက တွေ့ကြရမှာလေ။ အဆင်မပြေရင်တော့ စောစောစီးစီးလမ်းခွဲကြတာကောင်းတယ်။ အိမ်ထောင်ကျပြီးမှ ကွဲရင်တော့ ပိုရုပ်ဆိုးတာပေါ့နော်။ မယူခင်လမ်းခွဲကြတာက ပိုအဆင်ပြေမယ်လို့ထင်တယ်။ ယောင်္ကျားပီသဖို့ဆိုတာ တာဝန်ဆိုပြီး လက်မောင်းမှာ မကပ်ပေးဘူး၊ ကျောင်းက မသင်ပေးဘူး၊ မိဘက မသင်ပေးဘူး။ ကျွန်တော်တို့ လောကမှာ လူလူချင်းထားရမယ့် စည်းကမ်းလေးတွေရှိတယ်။ အဲဒီ စည်းကမ်းလေးတွေ လိုက်နာနိုင်ရင်တော့ ကောင်းတာပေါ့လေ’’

Photo: Htoo Char

ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က