ကိုယ်နဲ့ မကိုက်ဘူးလို့ ခံစားရတယ်။

ရွှေကြိုအဖွဲ့ထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တဲ့ ရွှေကြိုမယ်လေး ဝတ်မှုံသန့်ကတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်ရဲ့ မြေးမလေးပါ။ အနုပညာမျိုးရိုးရှိပေမယ့် အနုပညာအလုပ် ဆက်လုပ်ဖို့ မသေချာသေးဘူးလို့ သူမက ဆိုပါတယ်။

Photo : ဝတ်မှုံသန့်

အကယ်ဒမီများရှင် မြင့်မြင့်ခင်ရဲ့ မြေးမလေး ဝတ်မှုံသန့်က ၂၀၁၈ခုနှစ်အတွက် ပေးအပ်တဲ့ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီ ရွှေကြိုအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ယခုလို ပါဝင်ခွင့်ရတာဟာ သူမအတွက် အခွင့်အရေး တစ်ခုဖြစ်ခဲ့ပေမယ့် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့တော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

"အနုပညာအလုပ်မလုပ်ဖြစ်ဘူးဆိုတာက ညီအနေနဲ့ သိပ်ပြီး ဝါသနာ မပါတာပေ့ါနော်။ဒီလမ်းကြောင်းကို စပြီးလျှောက်ဖြစ်တယ်ဆိုတာက

ကိုယ်နဲ့ ကိုက်လားမကိုက်လားဆိုတာ သိဖို့ပေ့ါနော်။ အခုတကယ်တမ်း လုပ်ကြည့်တော့ သိပ်ပြီး မကိုက်ဘူးလို့ထင်တယ်။ စင်ပေါ်မှာ

ဆိုရင် ဝတ်စားထားရတာနဲ့ ဖိနပ်ကလည်းအမြင့်ဆိုတော့ နေရတာ အရမ်းအဆင်မပြေတယ်" လို့ သူမက Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ဝတ်မှုံသန့်

သူမအနေနဲ့ လက်ရှိမှာ အနုပညာလမ်းကြောင်းကို ဆက်လျှောက်ဖို့ မသေချာတော့သလို အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်ခဲ့ရင်လည်း ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ဆိုပါတယ်။ဝတ်မှုံသန့်အနေနဲ့ အဖွားဖြစ်သူ ရုပ်ရှင်တစ်သက်တာဆုရတဲ့အပေါ် အရမ်းကိုပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

“ အရမ်းပျော်မိတယ်။ ဒီလိုမျိုး ဆုရတယ်ဆိုတာက တစ်သက်တာလုံးမှာ ရုပ်ရှင်အတွက် စိတ်ကိုနှစ်ပြီး လုပ်ခဲ့ရတာ ဒီလိုလူမျိုးမှ ဒီလိုမျိုးဆုကို ရတဲ့အတွက် အဖွားအတွက် အရမ်းဂုဏ်ယူပါတယ်” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo : ဝတ်မှုံသန့်

အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်ရဲ့ မြေမလေး ဝတ်မှုံသန့်က အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ မရှိတော့ဘူးလို့ သိရပါတယ်။သူမကို အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်းအရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။



က္က