သူ့ စိတ်ကြိုက် အိမ်လေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။

နေတိုးက သူ့အတွက် အိမ်ဆိုတာ လုံခြုံနွေးထွေးမှုကို ပေးစေတဲ့ အရာတစ်ခုပါလို့ ရင်ဖွင့်ပြောပြလာပါတယ်။ လက်ရှိမှာလည်း ပရိသတ်အားပေးမှုတွေကြောင့် ကိုယ့်စိတ်ကြိုက် အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရပြီးဖြစ်ပါတယ်တဲ့။

Photo: Nay Toe



နေတိုးက သူ့ရဲ့ စိတ်ကူးထဲက အိမ်လေးကို လက်ရှိမှာ ပိုင်ဆိုင်ခွင့်ရရှိထားပြီလို့ ဆိုပါတယ်။ ဒီအိမ်လေးကလည်း သူ့ရဲ့ စိတ်ကြိုက်ပုံဖော်ထားတဲ့ အိမ်လေးတစ်လုံးဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခုလက်ရှိ ကျွန်တော်နေတဲ့ အိမ်လေးကတော့ ကျွန်တော့် စိတ်ကူးထဲက အိမ်လေးအတိုင်းပဲပေါ့နော်။ ကျွန်တော့် စိတ်ကြိုက် ဖန်တီးထားတာပေါ့။ နောက်ထပ် ဒီလိုမျိုး Hight View ကို ကြည့်လို့ရတဲ့ နေရာမျိုးမှာလည်းနေချင်တဲ့ စိတ်တော့ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အစီအစဉ်တော့ မရှိသေးဘူးပေါ့နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ညက KER ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Nay Toe

အဲဒီနောက် လူတစ်ယောက်၊ မိသားစုတစ်စုရဲ့ အကြင်နာ နွေးထွေးမှုတွေကလည်း အိမ်လေးရှိမှ ပြည့်စုံမယ်လို့ နေတိုးက ပြောပါတယ်။

‘’ကျွန်တော်က အိမ်မှာနေရတာ အချိန်နည်းပါတယ်။ ဒါပေမယ့် အိမ်ဆိုတာကတော့ မိသားစုနဲ့ အတူတူနေရတဲ့ နွေးထွေးလုံခြုံတဲ့ နေရာလေးတစ်ခုပေါ့နော်။ အဓိက ကတော့ နွေးထွေးလုံခြုံမှုအတွက် အိမ်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်လေးကတော့ မြခွာညို ဝါဝါဝင်းအိမ်ရာမှာရှိပါတယ်။ ကျွန်တော့်အနေနဲ့ အနုပညာလုပ်ငန်းတွေကို အဲဒီမှာပဲနေပြီးတော့ လုပ်ဆောင်နေပါတယ်။’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

နေတိုးဟာ ဒီအိမ်လေးကနေပဲ သူ့ရဲ့ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ သူပိုင်ဆိုင်ထားတဲ့ အိမ်လေးက ပရိသတ်အားပေးမှုကြောင့် ရရှိလာတဲ့ အိမ်လေးဖြစ်တယ်လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။

‘’ကျွန်တော့်အိမ်လေးကတော့ ကျွန်တော့်ရဲ့ အနုပညာတွေကို လေ့လာခွင့်ရဖို့အတွက်ရော၊ အနုပညာကြောင့်ရလာတဲ့ ငွေကြေးတွေ၊ ပရိသတ် အားပေးမှုတွေကြောင့်ရရှိလာတဲ့ ငွေကြေးတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ အိမ်လေးကပဲ ကျွန်တော့် ပရိသတ်တွေကို အင်အားမြောက်မြားစွာ၊ ကျွန်တော့်ရဲ့ အနုပညာစွမ်းအားတွေနဲ့ လေ့လာဆည်းပူးပြီးတော့ အမြဲတမ်း ပေးဆပ်နေပါ့မယ်လို့ ပြောချင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Phyu Sin Lin

နေတိုးက ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။ အဲဒီနောက် အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။

မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က