ပြေတီဦး၊ မို့မို့မြင့်အောင် တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။

ပြေတီဦး ကိုယ်တိုင် ဇာတ်ညွှန်းဖတ်ရင်း ကြက်သီးတွေတောင် ထခဲ့ရတဲ့ ‘’လကွယ် ဗုဒ္ဓဟူး’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မို့မို့မြင့်အောင်ကလည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာအပေါ် အဆင်သင့်ဖြစ်နေပါပြီတဲ့။

‘’ လကွယ် ဗုဒ္ဓဟူး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦး၊ မို့မို့မြင့်အောင် နဲ့ သံသာမိုးသိမ့် တို့က အဓိက သရုပ်ဆောင်သွားမှာပါ။



ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ပြေတီဦးကလည်း ကာရိုက်တာအပေါ် စိတ်လှုပ်ရှားနေမိတဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ဒီ မူရင်းဝတ္ထုကို ဖတ်လိုက်တဲ့အချိန်တုန်းကတော့လေ ဖတ်နေရင်းနဲ့ ကြက်သီးတွေတောင် ထလာတယ်။ ကျွန်တော့်အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ဖတ်တဲ့အခါကျတော့ တကယ်ကို ကြက်သီးတွေထလာတာ။ ကျွန်တော်က သရဲတော့မကြောက်တတ်ဘူး ဒါပေမယ့် ဖတ်နေရင်းနဲ့ ဟိုကြည့်၊ ဒီကြည့်၊ နောက်လှည့်ကြည့်တာတွေတောင် ဖြစ်တယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် အကယ်ဒမီ မို့မို့မြင့်အောင် ကလည်း ‘’လကွယ်ဗုဒ္ဓဟူး’’ရုပ်ရှင်ကားကြီး ရဲ့ ဇာတ်ညွှန်းကို ဖတ်နေချိန်က သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ပြောပြထားပါသေးတယ်။

‘’ ဒီဇာတ်ကားကို ဇာတ်ညွှန်းဖတ်ပြီးတဲ့နောက် မမို့ပါးစပ်ကနေ ယောင်ပြီးတော့ ထွက်သွားတယ်။ ငါလုပ်မယ် ဆိုပြီးတော့ ထွက်သွားတာ မမို့ အမျိုးသားတောင် အံ့သြသွားရပါတယ်။ မမို့က တော်ရုံတန်ရုံဆိုမေ ပြာဘူးလေ ပြောခဲတယ်’’ လို့ လကွယ်ဗုဒ္ဓဟူး ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’လကွယ် ဗုဒ္ဓဟူး’’ရုပ်ရှင်ကားကြီးကို ဧပြီလအတွင်းမှာပဲ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Little Patota ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အကယ်ဒမီ သြရသက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ သံသာမိုးသိမ့် တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က