ဆေးကုသမှုမခံယူဖြစ်တော့တဲ့အကြောင်းပြောလာပါတယ်။

ချစ်သုဝေက သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမီးလေးကို ခွဲစိတ်ကုသဖို့အဆင်မပြေနိုင်တော့ဘူးလို့ သိရပါတယ်။

သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို ချစ်သုဝေက ပြောပြလာပါတယ်။ ဒါပေမယ့် သမီးလေးကို ဆေးကုသခွဲစိတ်ဖို့အချိန်ကတော့ နောက်ကျသွားခဲ့ပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။



 ‘’ ကိုအံ့ကတော့ အစ်မတို့ ဖောင်ဒေးရှင်းအနေနဲ့ မဟုတ်ပဲ မိသားစုအနေနဲ့ စောင့်ရှောက်တာပါ။ တကယ်တမ်းကျလို့ရှိရင် ကလေးကို အကုန်လုံး လုပ်ပေးမှာလေ။ အခုက ထိတဲ့ ၄ နေရာစလုံးက ငယ်ငယ်ကတည်းက ကုသခြင်းမရှိထားတော့ နှောင်းသွားတဲ့သဘောပေါ့နော်။ အဲဒီအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်သွားတယ်’’ လို့ မတ်လ ၃၀ ရက်နေ့က 29 စိန်ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကလေးရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့သေးတယ်လို့ ချစ်သုဝေက ဆိုပါတယ်။

‘’ ဒါပေမယ့် အကုန်လုံးကိုပေါ့ နှလုံးရော၊ မျက်စိရော၊ ဦးနှောက်နဲ့ အာရုံကြောရော အကုန်လုံးကိုတော့ ပြသပေးခဲ့တယ်။ လုပ်ပေးခဲ့တယ်။ ခွဲလို့ရှိရင် စာရိတ်ကို တာဝန်ယူပေးမလို့ပဲ အဓိက က ခွဲဖို့ပါ အဆင်မပြေဘူးဖြစ်သွားတော့ သမီးလေးက ဒီအတိုင်းလေးဖြစ်သွားတာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ် အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေ(Chit Thu Wai) တို့ ဇနီးမောင်နှံဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို မတည်ထားတယ်လို့ သိရပါတယ်။ အဲဒီနောက် Channel 7 ရဲ့ မိသားစု Program မှာလည်း ‘’ခေတ် နဲ့ သစ်တို့ရဲ့ ကမ္ဘာ’’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးပြီး အလှူငွေတွေလည်း ထည့်လှူနိုင်ဖို့ စီစဉ်ထားတယ်လို့ ချစ်သုဝေက မီဒီယာတွေကို ပြောပြခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က