ဒီနေ့မှာ အစာအိမ်မှန်ပြောင်းကြည့်ရမယ်လို့ သိရပါတယ်။
Ei Ei Myat

ပြည်သူတွေအတွက်ဆို အမြဲတမ်းအဆင်သင့် ရှိနေခဲ့တဲ့ ပရဟိတမင်းသား ဝေဠုကျော်ကတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။အစားအသောက်မမှန်တာကြောင့် ဖြစ်တာလို့ သိရပါတယ်။

Photo : ကိုဘိုစိန်

ပရဟိတမင်းသား ဝေဠုကျော်က အစာအိမ်နာနေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ အရင်က အစာအိမ်သွေးကြောပေါက်ဖူးခဲ့တဲ့ ဝေဠုကျော်ဟာ အစားအသောက်အမှန်တာကြောင့် အခုလို ပြန်ဖြစ်တာ ဖြစ်တယ်လို့ ကိုဝေဠုကျော်ဘေးမှာ အမြဲတမ်း အနီးကပ်ရှိနေတဲ့ ကိုဘိုစိန်က ဆိုပါတယ်။

“အစားအသောက်မမှန်တာကနေ ဖြစ်တာ။ အစာအိမ်နာနေတာကြာလို့ ဒီနေ့မှာ မေ့ဆေးပေးပြီး အစာအိမ်မှန်ပြောင်းကြည့်ဖို့ ဆေးရုံကြိုတက်ထားတာပါ။ အရင်ကလည်း အစာအိမ်သွေးကြောပေါက်ဖူးတယ်။ အစားအသောက်အမှန်တော့ ပြန်ဖြစ်တာပါ”လို့ သူက ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး Duwun Media ကို ပြောပြခဲ့တာပါ။

ဆေးရုံတက်နေရတဲ့ ဝေဠုကျော်အတွက် ပရိသတ်တွေလည်း စိုးရိမ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ပြန်ကောင်းလာဖို့အတွက် ဆုတောင်းစကားတွေလည်း ပြောထားကြပါတယ်။

Photo : ကိုဘိုစိန်

ဝေဠုကျော်က ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။သူ့အနေနဲ့ အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းငယ်တစ်ခုဖြစ်တဲ့ (Depression) ဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ မုန်တိုင်းတစ်ခုအဖြစ် အဝါရောင်အဆင့်ရှိနေတာ တွေ့ရပါတယ်။ ဒီ မုန်တိုင်းကြောင့် တစ်နာရီကို လေတိုက်နှုန်း(၄၅)မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ သာကေတ၊ အင်းစိန်၊မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Photo : ကိုဘိုစိန်

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။


က္က