အချိန်အခါတစ်ခုကိုတော့ ရောက်နေပါပြီ။
 

အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲတမ်းတစ်ယောက်တည်းပါဆိုတဲ့ လူပျိုကြီး ကိုနေတိုးကတော့ ချစ်သူရှိနေပြီဆိုတာကို မီဒီယာတွေကနေတဆင့် အရိပ်အမြွက် ပြောကြားလာပါပြီ။ အချစ်ရေးနဲ့ ပတ်သက်လို့ ဖြေနေကြ အဖြေတွေထက် ပိုပြီးလေးနက်တဲ့ အခြေအနေကိုရောက်နေပြီလို့ လည်း မီဒီယာတွေနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဒီမေးခွန်းအတွက် အမြဲတမ်း ကျွန်တော် စဉ်းစားတယ်ပေါ့နော်၊ စဉ်းစားရတယ်ဆိုတာကလည်း မရိုးအောင်ပေါ့။ ပရိသတ်တွေကလည်း ခဏခဏ ဒီဟာကြီးဘဲ ဖြေနေတယ် ဖြစ်မှာဆိုးလို့ မရိုးအောင်တော့ အမြဲတမ်းစဉ်းစားတယ်။ ပုံမှန် ကျွန်တော်ဖြေနေကြမေးခွန်းချည်းပါပဲ။ အဲ့ဒီထက် ပိုပြီးလေးနက်တဲ့ အချိန်အခါတစ်ခုကိုတော့ ရောက်နေပါပြီလို့ ကျွန်တော်ပြောချင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Nay Toe Fb

 

အနုပညာပျိုးခင်းရဲ့ ဆရာတစ်ဦးလည်းဖြစ်၊ အကယ်ဒမီဆုတွေလည်း အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်နေတိုးဟာ တပည့်မလေးဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ စေ့စပ်ပွဲကို တက်ရောက်ရင်း အားကျတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ကလည်း အိမ်ထောင်ပြုသင့်တဲ့အရွယ်ဆိုတာ ထက် ကျော်နေပြီလို့ ဆိုပါတယ်။

'' အိမ်ထောင်ပြုသင့်တဲ့ အရွယ်လို့ ထင်တာထက်ကိုကျော်နေပါပြီ။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လေးနက်တဲ့အချိန်အခါတစ်ခုကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ချစ်သူက အပြင်ကပါဘဲ'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက ဆီဒိုးနားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ရဲ့စေ့စပ်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Nay Toe Fb

နှလုံးသားရဲ့ ဆန္ဒအတိုင်း အိမ်ထောင်ရေးကို ဆုံးဖြတ်မယ့် နေတိုး 

နေတိုးဟာ အခုလက်ရှိမှာတော့ ''နိုင်ငံကြီးသား'' ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာစတီး(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

'' လတ်တလောမှာတော့ နိုင်ငံကြီးသား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာစတီး(ဒွေးမေတ္တာ) နဲ့ ရိုက်ကူးဖို့ရှိပါတယ်။ အက်ရှင်နဲ့ ရောထားတဲ့ လက်ရှိ ရန်ကုန်မှာဖြစ်တဲ့ အဖြစ်အပျက်လေးကို အခြေခံထားတယ်ပေါ့နော်။ ကာရိုက်တာ အပိုင်းတွေကိုတော့ ကုမ္မဏီဘက်ကနေ လျှို့ဝှက်ထားခိုင်းတယ်။ ကျွန်တော့်အနေနဲ့တော့ ကာရိုက်တာအပိုင်းကိုပြောပိုင်ခွင့်မရှိပါဘူး။ ဇာတ်လမ်းအမျိုးအစားက တော့ Life Action ပုံစံလေးပါ'' လို့ ဆိုပါတယ်။

Photo: Nay Toe Fb

 

နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားထဲမှာတော့ နာမည်ကျော်အနုပညာရှင်များစွာပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို အားမာန်ရုပ်ရှင်ထုတ်လုပ် ရေးက ထုတ်လုပ်ပြီး သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေး ဟာဆိုရင် နိုင်ငံတစ်နိုင်ငံမှာနေတဲ့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ၊ တကယ့်ကို နိုင်ငံကြီးသားပီသဖို့ လိုအပ်တယ် ဆိုတာတွေကို သင်ခန်း စာပေးသွားမယ့် ဇာတ်ကားဖြစ်တယ်လို့ နေတိုုးက ပြောပြခဲ့တာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က