ပညာရေးကို ဦးစားပေးစေချင်တယ်။

မင်းမော်ကွန်းက သမီးငယ် လေပြည်သွေးနဲ့ ပတ်သက်ပြီး ဖခင်တစ်ယောက်ရဲ့ ဆန္ဒကို ဖွင့်ဟ ပြောပြလာပါတယ်။ လေပြည်သွေးကိုတော့ အနုပညာအလုပ်တွေ လုပ်ခွင့်မပြုသေးပါဘူးတဲ့။

သရုပ်ဆောင်မင်းမော်ကွန်းက ‘’ခဏလောက်ပြုံးပါ’’ MTV ထဲမှာ သမီးငယ် လေပြည်သွေးကို မိန်းကလေးချင်းတွဲပြီး သရုပ်ဆောင်စေခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။ သမီးကိုတော့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ပြောပြလာပါတယ်။



‘’အခုတော့ သူ့ကို ကျောင်းကိစ္စတွေ အရင်ပြီးအောင် လုပ်စေချင်တယ်။ ဒါကလည်း အမှတ်တရလေးပါ။ ပြန်ကြည့်တဲ့အချိန်ကျရင်လည်း ကိုယ့်သမီးလေးကို ဖြူဖြူစင်စင်လေးပဲ မြင်ချင်လို့ပါ။ MTV ရိုက်တုန်းကလည်း သူတို့ကို ဒါရိုက်တာ သင်ပြပေးတဲ့အတိုင်းပဲ လုပ်လိုက်တာပါ’’ ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Hard Rock Café မှာ ပြုလုပ်တဲ့ မြေပဲယိုအဖွဲ့ဖျော်ဖြေပွဲမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် လေပြေည်သွေးကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းလာတာတွေရှိပေမယ့် ခွင့်မပြုထားသေးဘူးလို့ မင်းမော်ကွန်းက ပြောပြခဲ့ပါသေးတယ်။ 

‘’လိုအပ်ချက်လေးတွေ ရှိနေပေမယ့်လည်း သူက ဝါသနာပါတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကို ဇာတ်ကားရိုက်ဖို့ တောင်းဆိုကြတဲ့အထဲမှာမှ တစ်ကားလောက်ပဲပေါ့နော်။ ဒါတောင် သူ့အဘိုးအဘွားတွေနဲ့ တိုင်ပင်ပြီး ရိုက်ခွင့်ပြုထားတယ်။ လောလောဆယ်တော့ သူ့ကို ပညာရေးလေး ဆုံးခန်းတိုင်စေချင်တယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

မင်းမော်ကွန်းရဲ့ သမီးငယ် လေပြည်သွေးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အသက် ၁၇ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ လေပြည်သွေးကိုတော့ ‘’ကျားနဲ့ဆင်’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားတည်းကိုသာ ဖခင်ဖြစ်သူ မင်းမော်ကွန်းက ရိုက်ကူးခွင့်ပြုထားခဲ့တာပါ။ မင်းမော်ကွန်းရဲ့ သားကြီး မောင်မင်းမြတ်နဲ့ သမီးငယ် လေပြည်သွေးတို့ကတော့ အနုပညာအလုပ်ကို ဝါသနာပါသူတွေဖြစ်ကြပါတယ်။

မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က