မေလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။
Sabal Thwin

ခိုင်သင်းကြည်အတွက်တော့ ဘဲဥမ ကာရိုက်တာက အရမ်းကို ခက်ခဲခဲ့တဲ့ ကာရိုက်တာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကယ်ဒမီ မှန်းဖို့အထိတော့ မတွေးထားပါဘူးလို့ ပြောပါတယ်။

Photo: Khine Thin Kyi

ခိုင်သင်းကြည်ဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ‘’ဘဲဥမ’’ ဆိုတဲ့ ကာရိုက်တာက သူမအတွက် ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ရင်ဖွင့်ပြောပြလာပါတယ်။ ဇာတ်ကားထဲက ဒိုင်ယာလော့တွေ အတွက်ကိုလည်း သေသေချာချာ ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မခိုင်အတွက် အခက်အခဲဆုံးကတော့ မခိုင်အနေနဲ့ ခက်ခဲတာက နပန်းလုံးတဲ့အခန်းတွေ ခက်ခဲတယ်။ ဘာလို့လည်းဆိုတော့ သူတစ်ပြန် ကိုယ်တစ်ပြန်တွေလေ။ ဒါက ခက်ခဲတယ် ဆိုတာထက် ပိုပင်ပန်းတာပေါ့နော်။ စကားလုံးကြမ်းကြမ်းတွေပြောရတာကလည်း သေချာ မညှိရပါဘူး။ အဓိက Main က သူပါပဲ သူက ရဲတော့ မခိုင်တို့လည်းပြောရတာပေါ့နော်။ ဒိုင်ယာလော့ ကျက်တုန်းကဆို ဘယ်လိုတောင်လားတောင်ပေါ့။ မခိုင်ကလည်း စိတ်က လုပ်ပြီဆိုတာနဲ့ လုပ်လိုက်တော့တာပဲ ။ အဲဒီလိုတွေဆိုတော့ အဆင်ပြေပါတယ်’’ လို့ ဆိုပါတယ်။

Photo: Khine Thin Kyi

ဘဲဥမ ဇာတ်ကောင်ဟာ ယောကျ်ား ဆန်ဆန်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီ။ မဟုတ်မခံချင်စိတ် ရှိတတ်တဲ့ မိန်းကလေး ကာရိုက်တာနဲ့ ခိုင်သင်းကြည်က ပီပီပြင်ပြင် သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကောင်အတွက်ကိုလည်း သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက အကယ်ဒမီပေးထားကြတာ ဖြစ်ပါတယ်။

‘’အကယ်ဒမီကတော့ မမှန်းပါဘူး။ ဒါပေမယ့် အချင်းချင်းတွေပေးတဲ့ အကယ်ဒမီနဲ့ပဲ ကျေနပ်ပါတယ်။ ကိုယ့်ထက် စီနီယာ တွေပေးတဲ့ အကယ်ဒမီနဲ့တင်ကျေနပ်ပါတယ်။ ကိုယ့်ထက်တော်တဲ့သူတွေအများကြီးပါ။ ကိုယ့်ထက်ကောင်းတဲ့ ဇာတ်ကားတွေလည်း အများကြီးရှိပါတယ်’’ လို့ ခိုင်သင်းကြည်က ပြောပါတယ်။

Photo: Khine Thin Kyi

မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် စရိုက် ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက်အားပေးဖို့ကိုလည်း ခိုင်သင်းကြည်က ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ကျော်ထက်အောင်၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

‘’စရိုက် ရုပ်ရှင်ဇာတ်ကားကြီးက ဒီလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပါပြီရှင့်။ ထွေလာထဲမှာလည်း မခိုင်လေးတို့ စရိုက်အဖွဲ့ ဘယ်လောက် စရိုက်ကျထားသလဲ ဆိုတာကို ကြည့်ပြီးသားဖြစ်မှာပါ။ ရုံတင်ရင်တော့ ထွေလာထက် ပိုတဲ့ စရိုက်ကျတဲ့ ဟာတွေပဲရှိပါတော့တယ်။ ဘယ်လောက်အထိ စရိုက်ကျမလဲဆိုတာကိုတော့ ၃၀ ရက်နေ့မှာ လာကြည့်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ မခိုင်လေးတို့လည်း ပရိသတ်နဲ့တွေ့ဖို့ လာမှာပါရှင်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Khine Thin Kyi

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က