လိုချင်တဲ့ ယောင်းမ ပုံစံကို ပြောပြလာပါတယ်။

မမ မိုးယုစံကတော့ မောင်လေး စံလင်းထွန်းကို ကောင်းမွန်တဲ့ အချစ်ရေးနဲ့ သာ တွေ့ဆုံစေချင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မောင်လေးရဲ့ ဝါသနာကို ပံ့ပိုးပေးသွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Photo: My Dream



သရုပ်ဆောင်မိုးယုစံ ရဲ့ မောင်လေး စံလင်းထွန်းကတော့ အခုချိန်မှာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာပြီဖြစ်ပါတယ်။ အစ်မကြီးတစ်ယောက်အနေနဲ့ မောင်လေးရဲ့ အချစ်ရေးအပေါ် ဖြစ်စေချင်တဲ့ ဆန္ဒတွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ဘယ်သူပဲဖြစ်ဖြစ် အကောင်းဆုံးတော့ ဖြစ်စေချင်တာပေါ့နော်။ ဒါပေမယ့် သူ့ရဲ့ ဖူးစာအပေါ်မှာ မူတည်သေးတယ်။ ကျန်တဲ့အပိုင်းကတော့ သူကိုယ်တိုင် ဦးနှောက်နဲ့ စဉ်းစားမှရမှာလေ။ သူ့ရဲ့ လက်တွဲဖော်ကို သူကိုယ်တိုင် ရွေးချယ်ရမှာဆိုတော့ သူ့ အပေါ်မှာပဲ မူတည်ပါတယ်’’ လု့ိလည်း Shwe FM ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: San Lin Tun

မိုးယုစံရဲ့ မောင်လေးကိုတော့ ခန္ဓာကိုယ်ဝဝတုတ်တုတ်ကြီး ကနေ Smart ကျတဲ့ ခန္ဓာကိုယ်အချိုးအစားအဖြစ် လပိုင်းအတွင်း ပြောင်းလဲသွားနိုင်တာကြောင့် ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမရဲ့ မောင်လေးအတွက် ဝမ်းသာမဆုံး ဖြစ်လို့နေပါပြီ။

‘’ ယုံကြည်မှုကတော့ အများကြီးရှိလာပြီပေါ့နော်။ အဓိက က သိသာလာတာကတော့ အဝတ်အစားဝတ်တာပေါ့။ အရင်တုန်းကဆိုရင် မောင်လေးရဲ့ Size က ဒီဘက်မှာ မရှိဘူး။ ညီမတို့ ခရီးတွေ ထွက်တော့မှ ဝယ်ခဲ့တာတွေရှိတယ်။ ပြီးတော့ သူ့ Size က နိုင်ငံခြားမှာပဲ ရှိတာများတယ်။ X တောင်မှာ XXXL ဆိုတော့ မရှိဘူးပေါ့။ အကျႌဝယ်ရင်လည်း ဒီဇိုင်းရွေးလို့မရဘူး။ Size ရှိတာကိုပဲ ယူလာရတာဆိုတော့ အဲဒီတုန်းက သူဝတ်ချင်တာတွေ မဝတ်ရဘူး။ အခုတော့ သူဝတ်ချင်တာတွေ ဝတ်လို့ရပြီ’’ လို့လည်း သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo: San Lin Tun

လက်ရှိမှာ မိုးယုစံက သူမရဲ့ ဆရာတစ်ဦးဖြစ်သူ Stars & Models Int'l က ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း အပ်ထားတယ်လို့ ဆိုပါတယ်။

‘’မောင်လေးကို ဆရာဂျွန်ဆီမှာ မိုးယုပဲ လိုက်အပ်ပေးတာပေါ့နော်။ သူ့ကို အနုပညာအလုပ် လုပ်သည်ဖြစ်စေ၊ မလုုပ်သည်ဖြစ်စေ အပြင်မှာ စတိုင်လ်ရှိရှိဖြစ်စေချင်တယ်။ အဲဒီအတွက် ဆရာဂျွန်လွင်ဆီမှာ အတွေ့အကြုံရအောင် ပို့ပေးတယ်။ အဲဒါပြီးတော့ တကယ်သရုပ်ဆောင်လုပ်ချင်လား၊ လုပ်ချင်တယ်ဆိုရင်လည်း သရုပ်ဆောင် သင်တန်းကို ဆက်သွားမယ်ပေါ့နော် အဲဒီလိုလေးတွေ စဉ်းစားထားပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: San Lin Tun

မိုးယုစံ ကိုတော့ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ၂၉ရက်နေ့က Melia ဟိုတယ်မှာ ခင်ပွန်းဖြစ်သူ ကိုစွမ်းသူနဲ့ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေးAustin(ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က