သူတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေအကြောင်းပြောပြလာပါတယ်။

ပိုင်တံခွန်က ပြည့်ဝတီမောင်နဲ့ သူ့ရဲ့ဆက်ဆံရေးက မောင်နှမ အရင်းတွေလိုပါပဲတဲ့။ ဓာတ်ပုံတွေလည်း မကြာခဏ အတူတူရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

photo: paing takon



သရုပ်ဆောင်ပိုင်တံခွန်နဲ့ အလှမယ်လေး ပြည့်ဝတီမောင်တို့ရဲ့ ဓာတ်ပုံတွေအပေါ် ပရိသတ်တွေက မှတ်ချက်အမျိုးမျိုးပေးနေကြတာကို တွေ့ရပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ မောင်နှမတွေလိုပဲ ဆိုတာကို ပိုင်တံခွန်ကိုယ်တိုင်က မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ပြည့်နဲ့ ကျွန်တော်နဲ့ကျတော့ မောင်နှမအရင်းလို ဖြစ်နေပါပြီ။ ဓာတ်ပုံရိုက်ရင်လည်း သူနဲ့က အများကြီးတိုင်ပင်ပြီး ရိုက်နေစရာ မလိုဘူး။ ကျွန်တော်ရိုက်ပြီး တင်ထားတဲ့ ပုံတွေ အကုန်လုံး တိုင်ပင်ပြီးရိုက်ထားတာ မဟုတ်ဘူး။ ရှုတင်ထဲက ပုံလေးတွေ၊ သဘောကျတဲ့ ပုံလေးတွေ တင်တာပါ’’ လို့ သူကဆိုပါတယ်။

photo: pain takon

အဲဒီနောက် ပြည့်ဝတီမောင်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း အများကြီးရှိသေးတယ်လို့ ပိုင်တံခွန်က ပြောပါတယ်။

‘’ ပြည့်နဲ့ ကျွန်တော်နဲ့ ဓာတ်ပုံတွေက ရိုက်တာက ရိုက်တယ်။ သိပ်မတင်ဘူးဆိုတာ ကလေးက သူ့ရဲ့ မိသားစုကျတော့ အနုပညာအလုပ်ကို သိပ်ပြီး အားမပေးဘူးလို့ ကျွန်တော်သိရတယ်။ ရိုက်တိုင်းတော့ မတင်ဖြစ်ဘူး။ ရိုက်တဲ့ဟာလေးတွေ ကောင်းရင် တင်ဖြစ်တယ်။ တချို့ဟာတွေဆိုရင်တော့ မတင်ဖြစ်ဘူး’’ ဆိုပြီးတော့ Grab နဲ့ End Game ပူးပေါင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

photo: paing takon

ပိုင်တံခွန်က အခုဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်လို့နေပါပြီ။ သူဟာ လောကဓံက ရိုက်ခတ်လာတဲ့ အတွေ့အကြုံတွေကြားမှာ အခုဆိုရင် ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်နေပြီလို့ ဆိုပါတယ်။

‘’တစ်ခါတလေ ဘဝမှာ ပျော်စရာတွေက နည်းတယ်။ စိတ်ညစ်စရာတွေ၊ ရုန်းကန်စရာတွေ၊ သောကတွေက သူများထက်ပိုများတယ်။ အရာရာတိုင်းကို စိတ်ညစ်နေမယ့် အစား ပျော်ပျော်ပဲ တွေးလိုက်တယ်။ မလိုအပ်တဲ့ဟာကို ဦးနှောက်ထဲ မထည့်တော့တာပေါ့။ အရာရာတိုင်းက ပျော်မှပဲ ရှေ့ဆက်လို့ရမှာလေ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: paing takon

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက်ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က