သူ့ရဲ့ အခက်အခဲတွေကို ပြောပြလာပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုးကတော့ ဇာတ်ကားမရိုက်ရတဲ့ အချိန်တွေမှာ တက္ကစီမောင်းတယ်လို့ဆိုပါတယ်။ 

Photo: Aung Toe



အောင်တိုးကတော့ COVID-19 ကာလမှာ တက္ကစီမောင်းရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေပါတယ်တဲ့။ တခြား အနုပညာရှင်တွေလို ဈေးရောင်းဖို့လည်း အဆင်မပြေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကိုယ်က ဈေးရောင်းစားမယ်ဆိုရင်လည်း ကျွန်တော်က ဘာမှ မချက်တတ်တော့ ရောင်းစားဖို့ အဆင်မပြေဘူး။ ဒါကြောင့် ကိုယ်တတ်ထားတဲ့ ကားမောင်းတာလေးနဲ့ပဲ Taxi မောင်းတယ်။ ကားကလည်း မိန်းမရဲ့ အစ်မ ကားပါ။ ဒီကားလေးကို ကျွန်တော်တို့ အဆင်ပြေသလို သုံးစွဲပါ ဆိုပြီးတော့ ကျွန်တော်တို့ကို ပေးထားတာ။ အုံနာကြေးတွေလည်း ပေးစရာတော့ မလိုဘူးပေါ့လေ။ ကားဆွဲကောင်းရင် ကောင်းသလိုပေးဖြစ်တယ်။ မကောင်းရင်လည်း မပေးဖြစ်ပါဘူး။ ကားမောင်းတာကလည်း Lock Down မဖြစ်ခင်ကတည်းကပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပေါ့” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aung Toe

ကိုအောင်တိုးဟာ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ လူကြမ်းသရုပ်ဆောင်သူငယ်ချင်းတွေ အတွက်လည်း စိတ်မကောင်းဖြစ်နေမိတယ်လို့ ဆိုပါတယ်။ 

“ ကိုယ်တွေ ငတ်နေလို့ စိတ်မကောင်းဖြစ်တာထက် ကိုယ်တွေလိုပဲ အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုပါ ရောပြီး စိတ်မကောင်းဖြစ်ရတယ်။ တချို့ဆို ကားလည်း မမောင်းတတ်ဘူး၊ ဘာစီးပွားရေးမှလည်း မလုပ်စားတတ်ဘူး။ အဲဒီအခါကျတော့လည်း သူတို့ မိန်းမတွေက ရပ်ကွက်ထဲ လှည့်ပြီး ငွေတိုးလေးတွေ ယူတာမျိုး၊ ဈေးရောင်းကြရတာမျိုးတွေ လုပ်တာ တွေ့ရတယ်။ ရုပ်ရှင်ရိုက်တုန်းကလောက် ပိုက်ဆံ မဝင်ပေမယ့်လည်း အနည်းငယ် ထိန်းနိုင်တာပေ့ါလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Aung Toe

အောင်တိုးကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိကြမှာပါ။ သူဟာ အက်ရှင်ဇာတ်ကား တော်တော် များများမှာ ပါဝင်သရုပ်ဆောင်ရသူ ဖြစ်ပါတယ်။ အဲဒီနောက် အဓိက သရုပ်ဆောင် တွေရဲ့ သူငယ်ချင်း ကာရိုက်တာ၊ ရုံးဝန်ထမ်း ကာရိုက်တာ၊ ဒရိုင်ဘာ ကာရိုက်တာ ၊ ကောက်ကျစ်တတ်တဲ့ လူတစ်ယောက် ကာရိုက်တာ တွေမှာ ပါဝင်သရုပ်ဆောင်ရလေ့ရှိပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က