တစ်နေ့ကို မုန့်ဖိုး ၂၀၀၀ ပဲရတဲ့ကလေးပါ။

သဇင်ထူးမြင့်ကတော့ ကျောင်းတက်ရင်တောင် မုန့်ဖိုး ၂၀၀၀ ပဲ ယူတတ်တဲ့ သမီးလေးပါ။ အခုဆိုရင်တော့ အနုပညာကြေးတွေရရှိနေပေမယ့်လည်း မိဘကို အကုန်ပြန်အပ်တာပါပဲတဲ့။

Photo: Thazinhtoo Myint



ခင်လှိုင်ရဲ့ သမီးငယ်လေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အခုဆိုရင် သရုပ်ဆောင်ဘက်ကို ခြေလှမ်း လှမ်းနေပြီဖြစ်ပါတယ်။ သူမက ရရှိထားတဲ့ အနုပညာကြေးတွေကို မိဘတွေဆီပဲ အကုန်ပြန်အပ်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’သဲက ဘာမှ မလုပ်ခင်ကတည်းက ဖေဖေ့သမီးဆိုပြီးတော့ လူသိထားတဲ့အတွက်ကြောင့်ရော၊ ဒါက ဖေဖေ့ကြောင့် အများကြီးပါပါတယ်။ တကယ်အလုပ်လုပ်လာတဲ့အခါမှာ သူတို့ကလည်း ချစ်တော့ အားလည်း အားပေးကြတဲ့အတွက် အောင်မြင်မှု မြန်တာပေါ့နော်။ ရတဲ့အနုပညာကြေးကိုတော့ အကုန်ပြန်ပေးပါတယ်။ ဘဏ်အကောင့်ထဲလွှဲတယ်ဆိုရင်လည်း အိမ်က ဘဏ်အကောင့်ထဲပဲ လွှဲထားတယ်’’လို့ သူကဆိုပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်က မိဘနှစ်ပါးရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ တက္ကသိုလ်တတ်ရင်တောင် မုန့်ဖိုး ၂၀၀၀ ပဲ ယူတယ်လို့ သူကဆိုပါတယ်။

‘’အရင်ကတည်းက သဲတို့မှာ မုန့်ဖိုးဆိုရင် ဖေဖေတို့က ပိုက်ဆံဆိုပြီးတော့ ပေးမသုံးဘူး။ သဲတက္ကသိုလ်တက်တုန်းကဆိုရင် တစ်နေ့ကို ၂၀၀၀ ပေးတယ်။ တစ်ခုခု မွေးနေ့ရောက်ပြီဆိုရင် မုန့်ဖိုး ဘယ်လောက် ဆိုပြီးတော့ပေးတာ။ ငယ်ငယ်ကတည်းက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ သဲတို့ကလည်း ပိုက်ဆံ ကိုင်သုံးတတ်တဲ့ အကျင့်မရှိဘူး။ မေမေတို့ကို ပေးလိုက်ရရင်ကို ပျော်နေတာ’’ ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့မနက်က ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ThazinHtoo Myint

အရမ်းကို အနေအေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ တစ်မိသားစုလုံးရဲ့ အသည်းကျော်လေးဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့့် သူမကိုယ်တိုင်ကလည်း အရမ်းကို လိမ္မာတဲ့သူလေးတစ်ယောက်ပါ။

‘’ မုန့်ဖိုး ၂၀၀၀ က လောက်ပါတယ်။ မုန့်စားတာလောက်ပဲဆိုတော့လေ အဆင်ပြေပါတယ်။ ကျန်တာကတော့ မေမေတို့က အကုန်လုပ်ပေးနေတာပဲလေ။ သဲက သူငယ်ချင်းတွေနဲ့ အမြဲတမ်းလည်း မတွေ့ဖြစ်ဘူး။ တစ်ခါတလေမှ သူတို့နဲ့ အပြင်သွားတာဆိုတော့ အဲဒီအခါကျရင်တော့ မေမေတို့ဆီက ယူသွားတယ်။ အဲဒီထက် မုန့်ဖိုး ပိုတောင်းလို့လည်း မရဘူး’’ လို့ သဇင်ထူးမြင့်က ပြောပါတယ်။

Photo: ThazinHtoo Myint

 သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူမကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က