သူကတော့ စမိုင်းလ်ရဲ့ သမီးကြီးဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့်သူကတော့ သမီးကြီး Portia Chloe (ခ) ဆုနဒီဖြစ်ပါတယ်။ မေမေ့ကို အားကျမိတဲ့အကြောင်းတွေ ပြောပြလာခဲ့ပါတယ်။

Photo: Smile



သရုပ်ဆောင် စမိုင်းလ်ရဲ့ သမီးကြီးဖြစ်သူ Portia Chloe (ခ) ဆုနဒီကတော့ မေမေဟာ အရမ်းကိုအားကျစရာကောင်းတဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။ သူမကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပြီလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မေမေက အခုလို ပရိသတ်တွေနဲ့ အတူတူပွဲတွေလုပ်၊ ပွဲတွေ တက်ရတော့ အရမ်းအားကျတယ်။ မေမေက တခြားသူတွေနဲ့ စကားပြောတာ ဆိုတာတွေကိုလည်း အားကျတယ်။ သမီးက အခုဆို အင်တာဗျူးတွေလုပ်နေရတော့ မြန်မာစကားပိုကောင်းလာပြီ။ ဒါပေမယ့် သိပ်တော့ မကျွမ်းသေးဘူး။ ကျောင်းမှာ မြန်မာစကားသင်တယ် ဘယ်လိုရေးရတယ်ဆိုတာပေါ့။ အခု စာဖတ်တာတော့ ကျွမ်းနေပြီ စကားပြောတာတော့ မကျွမ်းသေးဘူး’’ လို့ သူကဆိုပါတယ်။

Photo: Smile

Portia က အခုဆိုရင် မေမေ့ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် သမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ မေမေ နဲ့ အတူတူဖြစ်စေ၊ သူမ တစ်ယောက်တည်းဖြစ်စေ အနုပညာအလုပ်တွေ စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

‘’ အခုတော့ သမီး ဓာတ်ပုံတွေရိုက်နေရပြီ။ ဝါသနာလည်းပါတယ်။ ဒါတွေကိုလည်း ဆက်လုပ်သွားမှာပါ။ ဒါပေမယ့် သရုပ်ဆောင်အလုပ်ကိုတော့ မလုပ်ရသေးဘူး။ လုပ်လည်း လုပ်ချင်စိတ်ရှိတယ်။ ဒါပေမယ့် မြန်မာစကားပြောရမှာဆိုတော့ ခက်တော့ ခက်တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၂ရက်နေ့က စမိုင်းလ်ရဲ့ Fan Meeting မှာ ဖြေဆိုခဲ့တာပါ။

Photo: Smile

စမိုင်းလ်ရဲ့ သမီးနှစ်ယောက်ကတော့ တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းနေကြတဲ့ ကလေးနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ မိသားစုကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။

‘’ သူများတွေပြောတာတော့ သမီးက မေမေ နဲ့တူတယ်။ အငယ်လေးက ဖေဖေ နဲ့ တူတယ်ပေါ့။ သမီး ဓာတ်ပုံတွေရိုက်တဲ့အခါကျရင် နှုတ်ခမ်းတို့၊ မျက်လုံးတို့က မေမေ နဲ့ တူတယ်လို့ပြောကြတယ်။ အငယ်လေးက ကျတော့ နှာခေါင်းက ဖေဖေ နဲ့တူတယ်။ သမီးတို့ မိသားစုကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ လို့ Portia Chloe က ဆက်လက်ပြောပြခဲ့ကြပါတယ်။

Photo: Smile

Portia Chloe (ခ) ဆုနဒီ ကိုတော့ ပရိသတ်တွေက စမိုင်းလ်ရဲ့ သမီးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဘွားဖြစ်သူ ဒေါ်ခင်လေးဆွေကလည်း အဖြူအမဲရုပ်ရှင်ခေတ်က နာမည်ကျော်မင်းသမီးကြီးတစ်ယောက်ဖြစ်ခဲ့သူပါ။ မိခင်ဖြစ်သူ စမိုင်းလ်ကလည်း တစ်ခေတ်တစ်ခါက တီဗီကြော်ငြာတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးချော တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ



က္က