ရတနာပစ္စည်းလေးတွေ ကြိုက်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။

ဖွေးဖွေးတစ်ယောက် သူမရဲ့ မွေးနေ့တိုင်းကို မေမေက လက်ဝတ်ရတနာလေးတွေ လက်ဆောင်ပေးတတ်တဲ့ အမှတ်တရတွေ ပြောလာပါတယ်။

Photo: Phway Phway



ဖွေးဖွေးကတော့ အဖိုးတန်လက်ဝတ်ရတနာတွေ နဲ့ ပတ်သက်ပြီး သူမရဲ့ အကြိုက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ နာမည်မှာတောင် ရွှေပါတဲ့အပြင် ပရိသတ်ပေးတဲ့ နာမည်မှာတောင် စိန်ပါနေပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။

‘’ ဖွေးက ရွှေဆိုလည်း ရွှေချည်းပဲ ဝတ်ရတာ ကြိုက်တယ်။ ကျောက်ဆိုလည်း အများကြီး ဆက်ထားတာ မဟုတ်ပဲနဲ့ တစ်မျိုးဆို တစ်မျိုးတည်း ဝတ်ရတာကြိုက်တယ်။ ရွှေကတော့ ကြိုက်ပါတယ် ဖွေးနာမည်အရင်းကလည်း ရွှေရည်ကိုဦးဆိုတော့ ရွှေကြိုက်တယ်။ ပြီးတော့ ပရိသတ်တွေက ကိုယ့်ကိုပေးထားတဲ့နာမည်ကလည်း ဖွေးစိန် ဆိုတော့ ကျောက်မြတ်ရတနာထဲမှာ စိန်ကို ကြိုက်တယ်’’ လို့ ဆိုပါတယ်။

Photo: Phway Phway

ဖွေးကြိုက်တတ်တဲ့ လက်ဝတ်ရတနာလေးတွေကိုလည်း အမေက မွေးနေ့တိုင်း အမြဲ ဝယ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

‘’ ဖွေး မွေးနေ့တိုင်း အမေက ရတနာပစ္စည်းလေး တစ်ခုခုအမြဲပေးတယ်။ ဒီနှစ်ဆိုလည်း ဖွေးကို မေမေက ပတ္တမြားလက်ကောက်လေး ပေးတယ်။ အရင်နှစ်ကဆိုရင် ဖွေးအရမ်းလိုချင်နေတဲ့ အိန္ဒိယ နားကပ်လေး ပေးတယ်။ အမေ က ကိုယ့်ကို ရတနာလေးတွေ စုစေချင်တဲ့ သဘောပေါ့နော်။ အမေကတော့ အမြဲဝယ်ပေးတယ်။ ဖွေးကတော့ သိပ်မစုဖြစ်ဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့က ဝိန့်စိန် ရွှေဆိုင်ကြော်ငြာ ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။

Photo: Phway Phway

အဖိုးတန်ရတနာတွေ စုဆောင်းတာတော့ သိပ်မရှိဘူးလို့ ဖွေးဖွေးကပြောပါတယ်။

‘’ ဖွေးက ဖန်စီတွေလည်း အများကြီးစုတယ်။ အစစ်တွေကတော့ အများကြီး မဝယ်ဖြစ်သေးဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အရမ်းကြီးမကြိုက်သေးဘူး။ ငယ်ငယ်တုန်းကဆိုရင် အစစ်ကို လုံးဝကိုမကြိုက်တာ။ Punk လက်ကောက်တွေပဲ ဝတ်တာလေ။ အခုက နည်းနည်း အရွယ်ရောက်လာပြီဆိုတော့ အစစ်လေးတွေ စုဖြစ်ပါတယ်’’

Photo: Amazing Grace

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က