Lလွန်းဝါ၊ ရေဗက္ကာဝင်း တို့ကလည်း အားမပေးပါဘူးတဲ့။
Sabal Thwin

Lဆိုင်းဇီကတော့ တစ်ယောက်တည်းနေရတဲ့ ဘဝရဲ့ အားသာချက်တွေကိုပြောပြလာပါတယ်။ အချစ်ရေးကိုခေါင်းထဲ ထည့်ဖို့ အကန့်မရှိတော့ဘူးလို့ဆိုပါတယ်။

Photo: HK

အဆိုတော် Lဆိုင်းဇီကတော့ အခုဆိုရင် အသက် ၃၀ အရွယ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချစ်ရေးအတွက် စဉ်းစားဖို့ အချိန်မရှိဘူးလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အဲဒီအတွက် စဉ်းစားဖို့နေရာကို ခေါင်းထဲမှာ မရှိတာ ခက်တယ်။ အချစ်နဲ့ ပတ်သက်ပြီး ရင့်ကျက်တယ်လို့တော့ မပြောလိုပါဘူး။ လူဆိုတာက တစ်ခါတလေကျရင် ကလေးဆန်မိတဲ့အခါတွေလည်းရှိမှာပဲ။ အသက်လည်း အရမ်းမကြီးသေးပါဘူးပေါ့နော်။ ဒီအချစ်အကြောင်း ခေါင်းထဲမှာ စဉ်းစားဖို့ အကန့်ကို မရှိတာပါ’’ လို့ သူကဆိုပါတယ်။

Photo: HK

အဲဒီနောက် တစ်ယောက်တည်းနေရတဲ့ ခံစားချက်က အရမ်းကိုလွတ်လပ်တယ်လို့ Lဆိုင်းဇီက ပြောပါတယ်။ တစ်သက်လုံး အပျိုကြီးဖြစ်ဖို့ကတော့ ကံတရားနဲ့ဆိုင်တယ် ဆိုပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့က မိုးကောင်းကင်ခရီး အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အပျိုကြီးတစ်ယောက်ရဲ့ အားသာချက်ကတော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သွားချင်တာသွား၊ စားချင်တာစား၊ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ မဟုတ်လို့ရှိရင် သံတော်ဦး တင်နေရဦးမှာလေ။ ဒီလိုမျိုးနေရတာကို သဘောကျတယ်။ ဒါပေမယ့် ဘုရားက ဆုံဆည်းပေးတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: L Seung Zi

Lဆိုင်းဇီရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေမျိုးတွေကလည်း အိမ်ထောင်မပြုစေချင်ကြဘူးလို့ ဆိုပါတယ်။

‘’ ကိုယ်ရည်းစားထားရင် အဖေဘက်အမျိုးရော၊ အမေဘက်က အမျိုးတွေကိုရော အကုန်လုံးကို အသိပေးတယ်။ ရည်းစားဟောင်းတွေကိုလည်း သူတို့ အကုန်သိတယ်။ မိတ်ဆက်ပေးထားတာ။ ဖြစ်နိုင်ရင်လည်း သူတို့က နှမြောကြတယ်။ မယူခိုင်းစေချင်ဘူး။ အန်တီ Lခွန်းရီကတော့ ဘာမှ မပြောပါဘူး။ ကိုLလွန်းဝါ နဲ့ အစ်မတွေဖြစ်တဲ့ ရေဗက္ကာဝင်း တို့ကတော့ ဟင့်အင်းပဲ’’ လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: HK

Lဆိုင်းဇီရဲ့ ဂီတသက်တမ်းကတော့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်ရှိပါပြီ။ သူ့ကိုတော့ ပရိသတ်တွေက ၂၀၀၄ ခုနှစ်လောက် သီချင်းလေးဖြစ်တဲ့ ‘’မိုးရာသီထဲ’’ဆိုတဲ့ သီချင်းလေးနဲ့ စတင်သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အချစ်သီချင်းလေးတွေနဲ့ အောင်မြင်သူဖြစ်တာကြောင့် တစ်ကိုယ်တော်အခွေတွေဖြစ်တဲ့ အစွဲအလမ်းကြီးသူ၊ ဝေခွဲမရပါလား စတာတွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ အတွဲ သီချင်းတွေကလည်း အောင်မြင်မှုတွေ ရရှိခဲ့တာတွေ့ရပါတယ်။ Lဆိုင်းဇီရဲ့ ၄ ခွေမြောက် တေးသီချင်းအခွေ အသစ်ဖြစ်တဲ့ ‘’မိုးကောင်းကင် ခရီး ၁’’ အခွေ ထွက်ရှိပြီးခဲ့ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က