ရွှေမှုံကရော ဇေရဲထက်ကို ဘယ်လို ပြန်ခေါ်လဲ။

ရွှေမှုံရတီနဲ့ ဇေရဲထက်တို့ကတော့ အရမ်းကို တရင်းတနှီးရှိလှတဲ့ အနုပညာမောင်နှမတွေ ဖြစ်ပါတယ်။ အသက်အရွယ်ကွာခြား ပေမယ့်လည်း ရွယ်တူလို သဘောထားပြီး ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုး ခေါ်ကြတဲ့ နာမည်လေးတွေကိုလည်း ပြောပြခဲ့ပါတယ်။



 

မောင်နှမအရင်းသဖွယ် ချစ်ချစ်ခင်ခင် ရှိလှတဲ့ ရွှေမှုံရတီနဲ့ ဇေရဲထက်တို့ အနုပညာမောင်နှမ နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အရမ်းကို ပွင့်လင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စတတ် နောက်တတ်ကြတာကြောင့်လည်း ပျော်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာမည်ပြောင်လေးတွေလည်း ပေးထားကြတဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' သဲက သူ့ကို ဟဲ့ အကောင်လို့ ခေါ်တယ်။ ဒါပေမယ့် သူက သဲထက် သူကအများကြီးတော့ ကြီးတယ်။ ဒါပေမယ့် သဲ စိတ်ထဲမှာ ရွယ်တူတွေ လိုပဲ။ သူကလည်း သဲကို တအား အလိုလိုက်ထားတာ။ အစကတော့ သဲ ဒီလောက် မဆိုးဘူး၊ ကလေးတွေလိုပေါ့ အလိုလိုက်ရင်ပိုဆိုးတယ် ဆိုတာ သူကြောင့်လည်း ပါတယ်'' လို့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါတယ်။

 

ဇေရဲထက်ကတော့ ရွှေမှုံရတီကို ချစ်စနိုးနာမည်လေး အချေမ လို့ ပြန်ခေါ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရွှေမှုံကို ညီမလေး အရင်း တစ် ယောက် လိုချစ်ပြီး အနုပညာအရာမှာ စီနီယာ တစ်ယောက်လိုလည်း လေးစားတယ်ဆိုတာကို သြဂုတ်လ ၁၉ ရက်နေ့က အဆိုတော် တွေ နေတဲ့ရွာ ရုပ်ရှင်အထူးပြသပွဲမှာ Duwun Media ကို သီးသန့် ပြောပြခဲ့တာဖြစ်ပါတယ်။

'' သူ့ကို ကျွန်တော်က ညီမလေးတစ်ယောက်လိုရော၊ ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်လိုရော အရမ်းလေးစားတယ်၊ ပြီးတော့ အရမ်းလည်း စိုးရိမ်တယ်။ သူဟာ မိသားစုကို လုပ်ကျွေးနေတဲ့ သမီးကောင်းဖြစ်တဲ့အတွက် မဟုတ်တာ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ ရဲရဲကြီး အာမခံတယ်''လို့ ဆိုပါတယ်။

သူ့ကို သဲအရမ်းချစ်တယ်ဆိုတဲ့ ရွှေမှုံရတီ 

 

ရွှေမှုံရတီက ဆိုးချင်တိုင်းဆိုးလို့ရတဲ့ ဇေရဲထက်အပေါ် အစ်ကိုအရင်းတစ်ယောက်လိုချစ်ခင်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဇေရဲထက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ပူတယ်လို့ ဆိုပါတယ်။ ဇေရဲထက်ကို ချစ်တဲ့ သူနဲ့ သာ အချစ်တစ်ခုကို ထူထောင်စေချင်တဲ့ အကြောင်းလည်း ပြောပြလာပါတယ်။

''သူ့ကို ချစ်တဲ့သူကိုပဲ လိုချင်တယ်၊ဘာဖြစ်လို့လဲ ဆိုတော့ သူပင်ပန်းမှာစိုးလို့ အတ္တကြီးတယ် ပဲ ပြော ပြော၊ ဘယ်လိုပဲပြောပြော သဲကတော့ သူ့အတွက်ဘဲ စဉ်းစားမှာ၊ ကိုယ့်လူပဲ ကိုယ်ကြည့်မယ်လေ သူပင်ပန်းမယ့်အရာဆိုရင်တော့ ဘယ်အရာ မဆို သဲကတော့ လက်ခံမှာ မဟုတ်ဘူး၊ သွေးမတော်ပေမယ့် သဲတို့က ရင်ဘတ်ချင်းနီးတယ်၊ နာစရာရှိ သဲက နာရမှာ သူက အရမ်းခံစားလွယ် တယ်'' လို့ သူကဆိုပါတယ်။

 

ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများကြီးပါပဲ။ သိပ်မကြာခင်မှာလည်း သူတို့ နှစ်ဦး ပါဝင်ထားတဲ့ '' အဆိုတော်တွေ နေတဲ့ရွာ '' ဇာတ်ကားကြီးကို သြဂုတ်လ ၂၄ ရက်နေ့က စပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲ မှာ ဇေရဲထက်က Rap ဂီတကို ရူးသွပ်သူဖြစ်ပြီး ရွှေမှုန်ရတီကတော့ Punk Style ကို ရူးသွပ်သူ တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က