တစ်ယောက်နဲ့တစ်ယောက် စတင်တွေ့ဆုံခဲ့ကြပုံကို ပြောလာပါတယ်။

မေမြတ်နိုးကတော့ ရွှေအိမ်စည်ကို စစတွေ့ချင်းမှာ အကြောတင်းတဲ့ ကောင်မလေးတစ်ယောက်လို့ မြင်တယ်လို့ ဆိုပါတယ်။ ရွှေအိမ်စည်ကလည်း မေမြတ်နိုးကို စစတွေ့ချင်းမှာ အညိုဆင်လေးနဲ့ ယုံကြည်မှုရှိတဲ့ အလှမယ်တစ်ယောက်လို့မြင်တယ်လို့ ဆိုပါတယ်။

Photo: Facebook

ချစ်စရာကောင်းတဲ့ အလှမယ်၊ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မေမြတ်နိုးနဲ့ ရွှေအိမ်စည်တို့ရဲ့ အမှတ်တရတွေကို အခုလိုပြောပြလာပါတယ်။ ရွှေအိမ်စည်နဲ့ စတင်တွေ့ဆုံခဲ့တုန်းက အမှတ်တရလေးကို မေမြတ်နိုးက မီဒီယာတွေ ကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’မြတ်နိုးထက်ငယ်တယ်၊ အကြောအရမ်းတင်းတယ်ပေါ့နော်။ ဘယ်လိုလည်း မသိပါဘူးပေါ့။ ဒါပေမယ့် တကယ်စကားပြောကြည့်တော့ သူ့စိတ်ထဲမှာ ဘာမှမရှိဘူး၊ သူ့အာရုံနဲ့သူ၊ သူ့ Mood နဲ့ သူသွားတာ’’ လို့ "Premium Living Solutions - Porcelanosa Associate Myanmar Showroom ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Facebook

အဲဒီနောက် ရွှေအိမ်စည်ကလည်း မေမြတ်နိုးနဲ့ စတင်တွေ့ဆုံခဲ့ချိန်က မေမြတ်နိုးအပေါ်ထားတဲ့ သူမရဲ့ သဘောထားကို ပြောပြခဲ့ပြန်ပါသေးတယ်။

‘’အိမ်စည်ကတော့ သူ့ကို ထက်မြတ်တယ်လို့ မြင်တယ်။ ပြီးတော့ ဖောက်နိုင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်စည်က မော်ဒယ်စလုပ်ကာစအချိန်တုန်းက အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာက အဖြူလေးတွေအရမ်းကြိုက်တဲ့အချိန်ပေါ့။ အဲဒီမှာ သူက အညိုဆင်လေးနဲ့ လှတယ်။ ပြီးတော့ ယုံကြည်မှုအပြည့်ရှိပြီး ထိုးဖောက်နိုင်တယ်။ International ဆန်တယ် ဆိုပြီးတော့ အိမ်စည်က သတိထားမိခဲ့တာ’’ လို့ သူကဆိုပါတယ်။

Photo: Facebook

မေမြတ်နိုးကိုတော့ ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြ တာပါ။ အဲဒီနောက် Miss Asia Pacific World 2014 ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ ရွှေအိမ်စည်ကလည်း Miss Supranational 2018 ပြိုင်ပွဲကြီးမှာ Preliminary Evening Gown ရဲ့ Winner ဆုကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo: RBV

မေမြတ်နိုးနဲ့ ရွှေအိမ်စည်တို့ဟာ လက်ရှိမှာ အလှမယ်အလုပ်ထက် သရုပ်ဆောင်ဘက်မှာ အောင်မြင်ဖို့ ကြိုးစားနေကြသူတွေဖြစ်ပါတယ်။ မေမြတ်နိုးကတော့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မျာ နဲ့အတူ ''Invincibl e'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ရွှေအိမ်စည်ကလည်း သိပ်မကြာသေးခင်က သရုပ်ဆောင် ထွန်းထွန်းနဲ့အတူ The Naked Ghost ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီမတိုင်ခင်ကလည်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေအများကြီးရှိပါသေးတယ်။ 



က္က