နှစ်ပေါင်းတော်တော်ကြာ လက်တွဲလာခဲ့တဲ့ မောင်နှမတွေပါ။
Sabal Thwin

ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု နဲ့ စိုးမြတ်သူဇာတို့ တွေကတော့ ရင်းရင်းနှီးနှီးခင်ခင်မင်မင်ရှိခဲ့ကြတာ နှစ်ပေါင်းတော်တော်ကြာနေပါပြီ။

Photo: Yan Aung

အနုပညာလောကထဲမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန်အောင်၊ မေသန်းနု နဲ့ စိုးမြတ်သူဇာ တို့ရဲ့ ရင်းနှီးမှုတွေကို ရန်အောင်က မီဒီယာ အင်တာဗျူးတွေ ကနေတဆင့်ပြောပြလာပါတယ်။

‘’ ကျွန်တော်တို့တွေက တကယ်ကို မောင်နှမတွေလို နေတဲ့အပြင် တကယ်ကို စိတ်တူ၊ကိုယ်တူတွေပါပဲ။ စိုးမြတ်သူဇာကတော့ ရှာတဲ့ ပိုက်ဆံလည်း ဂိမ်းဖိုးနဲ့တင်ကုန်မှာပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာတာဖြစ်ပါတယ်။

Photo: Yan Aung

အဲဒီနောက် သရုပ်ဆောင် မေသန်းနုကလည်း အနုပညာမောင်နှမတွေလည်းဖြစ်တဲ့ ရန်အောင်နဲ့ စိုးမြတ်သူဇာ တို့ကလည်း စိတ်တူကိုယ်တူရှိကြတယ်လို့ ပြောပါတယ်။

‘’ အခုချိန်အထိက အနုပညာလောကမှာ အကုန်လုံးက စိတ်တူကိုယ်တူပဲ။ အကုန်လုံးက ခံစားချက်လည်းတူူတယ်၊ တစ်နေရာကိုသွားမယ်၊ တစ်ခုခုလုပ်ကြမယ်ဆိုရင် စိတ်တူကြတယ်လေ။ အဲဒါကြောင့်လည်း ပိုပြီးတော့ ပေါင်းဖြစ်ကြတာပေါ့လေ’’ လို့ သူကဆိုပါတယ်။

Photo: Yan Aung

ရန်အောင်၊ မေသန်းနု နဲ့ စိုးမြတ်သူဇာတို့ ၃ ယောက်ထဲမှာတော့ စိုးမြတ်သူဇာက အငယ်ဆုံးပါပဲ။ ဒါကြောင့်လည်း စီနီယာ အစ်ကို၊ အစ်မတွေအပေါ် သူမရဲ့ လေးစားမှုကို အခုလို ပြောပြလာခဲ့ပါတယ်။

‘’ အစ်ကိုနဲ့ အစ်မနဲ့ကတော့ စံပြပါပဲ။ အစ်ကိုနဲ့ အစ်မကိုတော့ လုံးဝ လိုက်မမီပါဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၉ StreetWear Attire (Fashion Show) ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Yan Aung

ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ မေသန်းနုကလည်း သူမ လျှောက်လှမ်းလာတဲ့ အနုပညာလမ်းကြောင်းမှာ မှတ်တိုင်တစ်ခုအနေနဲ့ အကယ်ဒမီဆု (၅) ဆုကို ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အဲဒီနောက် စိုးမြတ်သူဇာကလည်း သူမရဲ့ အနုပညာသက်တမ်း နှစ် ၄၀ အတွင်းမှာ အကယ်ဒမီဆု ၂ ဆု ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က