ကလေးငယ် အယောက်၄၀၀ ကျော်အတွက် လှူခဲ့တာပါ။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ ဟာ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဓမ္မဝိဟာရဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော် ပညာသင်ကြားနိုင်ဖို့အတွက် ထောက်ပံ့ ကြေးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အတွက် အလှူငွေကျပ် (၅၅)သိန်း လှူဒါန်းခြင်းနှင့် မန်တုံစစ်ဘေးရှောင်ဒေသရှိ အမျိုးသမီးငယ်များ၏ အချုပ်၊အလုပ်နှင့် ဒီဇိုင်နာသင်တန်း ဆင်းပွဲတွင် အစစ အရာရာကူညီပံ့ပိုးပေးကြပါသော ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက် ပဓာန နာယကဆရာတော်နှင့်တကွ ဗိုလ်တထောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုး၊မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ဆရာမ ဒီဇိုင်နာဒေါ်သီရိဝင်းရွှေ(HeinH)၊ ပို့ဆောင်ရေးအလှူကိုဇော်ထွန်း၊စေတနာရှင်၊အလှူရှင်များ၊တက်ရောက်လာကြသော မီဒီယာအသီးသီးမှ မိတ်ဆွေများ အားလုံး အားလုံးကို မေတ္တာသင်္ဂဟအဖွဲ့မှ လှိုက်လှိုက်လှဲလှဲအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် အမျှရ၍ သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ'' ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီ ၂၁ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

အုတ်ဂူတွေကြည့်ပြီး သံဝေဂရနေတဲ့ ခန့်စည်သူ  

မေတ္တာသင်္ဂဟအဖွဲ့တည်ထောင်မှုဟာ မေလ ၉ ရက်နေ့က ၇ နှစ်ပြည့်ခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့ ရဲ့ လှူဒါန်းမှုအနေနဲ့ ၇ နှစ်တာ ကာလ အတွင်းမှာ အလှူပေါင်း ၆၄ ကြိမ်ရှိပြီး လှူဒါန်းခဲ့တဲ့ အလှူငွေပေါင်း ၂၇၃၇ သိန်းနဲ့ ၅ သောင်းရှိပြီလို့ ဆိုထားပါတယ်။  သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့ အနေနဲ့ ပရဟိတတွေဆောင်ရွက်နေသလို သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကိုလည်း ရရှိထား သူဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

ပရဟိတအပိုင်းတွေမှာလည်း လှူဒါန်းမှုတွေ လက်မနှေးသလို  သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ ခန့်စည်သူကိုတော့ ပရိသတ်တွေက အမြဲတမ်း ချစ်ခင်လေးစားလျှက်ရှိကြပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အလုပ်တွေများနေတဲ့ သူ့အနေနဲ့ အလှူအတန်းလုပ်တာနဲ့တင်ပဲ အချိန်ကုန်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က