သူ့ရဲ့ ပီတိစကားကို ပြောပြလာပါတယ်။
Sabal Thwin

ကိုလူချောဥက္ကဌ ဦးအောင်ခိုင်ကတော့ သရုပ်ဆောင်ရဲမင်းပိုင်ကိုယ်စား လူကြမ်းသရုပ်ဆောင်ကြီး တွေကို ထောက်ပံ့ငွေ လှူဒါန်းပေးခွင့်ရခဲ့တဲ့ ပီတိစကားတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Thant Sin

သရုပ်ဆောင် ရဲမင်းပိုင်က သြဂုတ်လ(၁၈) ရက်နေ့မှာ ကျရောက်တဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးအတွက် ရည်ရွယ်ပြီး သက်ကြီး လူကြမ်းသရုပ်ဆောင်တွေအား ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် ရဲမင်းပိုင်ကိုယ်စား ကိုလူချောဥက္ကဌ ဦးအောင်ခိုင်က ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ရဲမင်းပိုင်ကိုယ်စား ကိုလူချောဥက္ကဌ ဦးအောင်ခိုင်က ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ကိုရဲမင်းပိုင်က သူ့ရဲ့ အမျိုးသမီးမွေးနေ့အတွက် အမှတ်တရအလှူ အနေနဲ့ အမေရိကားကနေ ပိုက်ဆံ လှမ်းလွှဲတယ်။ မြန်မာငွေနဲ့ ကျတော့ (၆) သိန်းပေါ့။ ကိုရဲမင်းပိုင် နဲ့ ဦးတို့ လူကြမ်းအဖွဲ့ဝင် တွေထဲက မောင်သန့်စင်နဲ့က အဆက်အသွယ် အမြဲတမ်းရှိတယ်။ သူ့တပည့်တွေကနေတဆင့် လူကြမ်းသရုပ်ဆောင် ကြီးတွေကို လှူဖို့ အတွက် ပိုက်ဆံ လှမ်းလွှဲလိုက်တာပါ။ လှူတဲ့နေ့ကလည်း သူနဲ့ အွန်လိုင်းကနေ Video Call ပြောရင်းနဲ့ အလှူ လုပ်တဲ့ အစီအစဉ်ကို ပြောပြတာ”လို့ သူက ဆိုပါတယ်။ 

Photo: Thant Sin

သရုပ်ဆောင် ရဲမင်းပိုင်လှူဒါန်းခဲ့တဲ့ ငွေကျပ်(၆) သိန်းတို့ကို လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်( လေဖြတ်ဝေဒနာခံစား လူကြမ်းသရုပ်ဆောင်)အား - နှစ်သိန်းကျပ်၊ ဦးဇင်းဦးခေမာ(ခ)ကိုလှဝင်းအား နှစ်သိန်းကျပ်၊ ဦးမြမောင်(လူကြမ်းသရုပ်ဆောင်)အား ခြောက်သောင်းကျပ်၊ သန့်စင်(လူကြမ်းသရုပ်ဆောင်)အမေအား ငါးသောင်းကျပ်၊ ကိုစန်းလွင်(လူကြမ်းသရုပ်ဆောင်) အား သုံးသောင်းကျပ် နှင့် ဇင်မျိုးကျော်(ကိုရဲမင်းပိုင် Fighter Hero သင်တန်း)အား၂၅၀၀၀ နှစ်သောင်းငါးထောင်ကျပ် လှူဒါန်းခဲ့တယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။ 

Photo: Thant Sin

ဦးအောင်ခိုင် အနေနဲ့ အဆက်အသွယ်မရှိတော့တဲ့ လူကြမ်းသရုပ်ဆောင်ကြီးတွေကို ပြန်လည်တွေ့ဆုံရင်း လှူဒါန်းကူညီခွင့်ရတဲ့ သူ့ရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။ 

" အလှူအတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။ အခုလို ဒုက္ခရောက်နေကြတဲ့သူတွေကို ကူညီပေးတယ်ဆိုတာ အရမ်းကို ပီတိဖြစ်စရာကောင်းတယ်။ ပြီးတော့ ဒီလောကမှာ မရှိတော့ဘူးလို့ထင်ထားတဲ့ လူကြမ်းသရုပ်ဆောင်ကြီး တစ်ယောက်ကို အခုလို အဆက်အသွယ်ပြန်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြတဲ့ အတွက် မုဒိတာပွားပါတယ်။ အလှူရှင်တွေကိုလည်း ကျေးဇူးအရမ်းတင်တယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 




Author


က္က