သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောပြလာပါတယ်။

ဇဏ်ခီ က နယူးယော့ခ်မှာ နေခဲ့တုန်းက ဆတ်ဆတ်ထိမခံတဲ့ စိတ်ဓာတ်ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အားလုံးနဲ့ အဆင်ပြေအောင် သူ ပေါင်းသင်းနိုင်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။

Photo: Zenn Kyi

ဇဏ်ခီ တစ်ယောက် သူ့ရဲ့ စိတ်ခံစားချက်အရ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးအကြောင်းတွေ ပြောပြလာပါတယ်။ တစ်ခါတလေမှာလည်း အဆင်မပြေတဲ့အရာတွေ ရှိတယ်လို့ ဆိုပါတယ်။

‘’ဒီတစ်ခေါက်ဘန်ကောက်ရောက်တော့ ပထမရက်တွေမှာ ဆက်ဆံရေးအဆင်မပြေတဲ့ သူတွေနဲ့တောက်လျှောက်တွေ့တော့ ပြန်ရွဲ့တဲ့အဆင့်တွေရောက်ကုန်တယ်။ New York တုန်းကစိတ်တွေပြန်ဝင်လာတယ်။ New York ဆိုတာကမ္ဘာ ပေါ်မှာနာမည်အကြီးဆုံး မြို့ထဲကတစ်မြို့။ အပြင်ပန်းအပြင်ဘာနာမည်ကြီးတုန်းဆိုေ တာ့ ဆတ်ဆတ်ထိမခံတဲ့ New Yorker တွရဲ့စရိုက်ပါ။ တကယ့် New Yorker အစစ်ဖြစ်ဖို့၁၀နှစ်ဆက်တိုက်နေမှဖြစ်နို င်တယ်လို့အဆိုရှိတယ်။ ကျွန်တော်က ၁၄နှစ် ဆက်တိုက်နေလာခဲ့တာ’’ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Zenn Kyi

အခုချိန်မှာလည်း ဘန်ကောက်မှာ ဆုံခဲ့ရတဲ့ မိတ်ဆွေတွေအကြောင်းကို ပြောပြလာပါတယ်။ တစ်ခါတလေမှာ သူက နယူးယော့ခ်မှာ နေခဲ့ရတဲ့ စိတ်ဖြစ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

‘’တကယ်လည်း ၁၀နှစ်ကျော်လာတဲ့အချိန်မှာ New York ရဲ့ပုံစံအသွင်းခံခဲ့ရတယ်။ စိတ်ထဲမှာ "လာမထိနဲ့မီးပွင့်သွားမယ်" ဆိုတဲ့စိတ်အပြည့်ရှိလာခဲ့တယ်။ ဆိုတော့ ဘန်ကောက်မှာအဲ့ဒီ့ ဘာမထီစိတ်တွေပြန်ဝင်လာပြီး အားလုံးကိုချိုနဲ့လိုက်ခွေ့နေမိတယ်။ ထိုင်းနိုင်ငံရော လူမျိုးကိုပါ အမြင်စောင်းလာတယ်။ ဒါပေမယ့် ပြန်ခါနီးတစ်ရက် နှစ်ရက်မှာ စိတ်ထားနူးညံ့ပြီး  ဖေါ်ရွေတဲ့လူတွေနဲ့တွေ့ခွင့်ရခဲ့တယ်။ ကျွန်တော့်ချိုတွေပြန်ဝင်သွားတယ်။ တစ်ခုသတိရလိုက်တယ်။ “LOVE NEVER FAILS.” မေတ္တာဟာဘယ်တော့မှမကျရံှူးဘူး။ ကိုယ်တွေ ဆီလာတဲ့ ဧည့်သည်တွေကို လဲ ကြင်ကြင်နာနာနဲ့ဆက်ဆံပေးလိုက်ပါ။ အဆင်မပြေတဲ့သူတွေနဲ့ တွေ့ကြုံထားခဲ့ရင် ပြေပျောက်သွားလိမ့်မယ်။’’ လို့ ဆိုပါတယ်။  

Photo: Zenn Kyi

ဇဏ်ခီဟာ သရုပ်ဆောင်တစ်ယောက် မဖြစ်ခင်ကတည်းက ဂီတအလုပ်တွေ လုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ‘’ဘဝခရီးသည်’’ သီချင်း၊ "Blaze Of Glory" သီချင်းတို့ကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့ပါတယ်။ အဲဒီနောက် အဆိုတော်မဒီရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’ဒဏ္ဏာရီ’’ သီချင်းကိုလည်း ဇဏ်ခီက ရေးစပ်သီကုံးပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က