သူ့ရဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ကျွန်တော်မြင်တာပါ။

ရွှေထူးက ဇနီးအပေါ်ချစ်တဲ့ အချစ်တွေကို ရွှေမှုံရတီ သိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာလည်း ဇနီးချောလေးက ပိုပြီး ရင့်ကျက်လာပါတယ်တဲ့။

Photo: Htoo Khant



အဆိုတော် ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီကို သူလည်း အရမ်းချစ်ပါတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေ အမြင်မှာ ရွှေမှုံရတီက ပိုချစ်တတ်ပေမယ့် သူ ချစ်တာကိုတော့ ဇနီးချောလေး သိပါတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ဒါကတော့ဗျာ ကျွန်တော့်ကို လူတိုင်းပြောတယ်။ သူ ကျွန်တော့်ကို ချစ်ပါတယ်။ ကျွန်တော်လည်း ချစ်ပါတယ်။ အဲဒီလို မထင်ကြပါနဲ့။ ကျွန်တော်ချစ်တာကို တခြားလူတော့ မြင်ချင်မှ မြင်လိမ့်မယ်။ သူကိုယ်တိုင်ပေါ့ ကာယကံရှင်က သိပါတယ်။ ကာယကံရှင်သိလို့လည်း ကျွန်တော့်ကို လက်ထပ်တာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ ယောကျ်ားလေးတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ လွယ်တာမှ မဟုတ်တာ’’ လို့ Shake of the world အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Htoo Khant

အဲဒီနောက် အိမ်ထောင်သက်တမ်း ၆ လ လောက်ရှိပြီ ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ အိမ်ထောင်ရေးက အရမ်းကို သာယာလွန်းလှပါတယ်။ ရွှေမှုံရတီကိုယ်တိုင်ကလည်း အရင်ကထက်ပိုပြီး ရင့်ကျက်လာတယ်လို့ ရွှေထူးက ပြောပါတယ်။

‘’ သူ ရင့်ကျက်လာတာပေါ့။ အကုန်လုံးလည်း သတိထားမိမယ် ထင်ပါတယ်။ သူ့ပုံစံက လူကြီးပုံစံလည်း ပေါက်လာပြီ။ စကားပြောတာကအစ အေးအေးဆေးဆေးဖြစ်သွားတယ်လို့ သူ့ရဲ့ အမျိုးသား တစ်ယောက်အနေနဲ့ ကျွန်တော် မြင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါသေးတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

သူတို့ နှစ်ဦးဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘’ဧည့်သည်’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ လက်ထပ်ပွဲကျင်းပဖို့ ရက်အနည်းငယ် လိုမှပဲ ပရိသတ်တွေကို ချစ်သူတွေဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက ဂီတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း သရုပ်ဆောင်အလုပ်ကို ဆက်လက် လုပ်ကိုင်နေတာဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က