ဧပြီလ ၂၆ ရက်နေ့က သူ့ရဲ့ မွေးနေ့ပါ။

ညီထွဋ်ခေါင်က သူ့ရဲ့ မွေးနေ့အလှူကို တောင်ဥက္ကလာမှာရှိတဲ့ စည်ပင်ဝန်ထမ်းများ၊ မြောက်ဒဂုံမှာရှိတဲ့ စည်ပင်ဝန်ထမ်းများ နဲ့ အတူ AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာတို့မှာ အလှူလုပ်သွားမယ်လို့ ဆိုပါတယ်။

Photo: Nyi Htut Khaung

သရုပ်ဆောင် ညီထွဋ်ခေါင်က ဧပြီလ ၂၆ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ကိုတော့ နေရာ ၃ နေရာမှာ အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။ စည်ပင်ဝန်ထမ်းတွေ၊ မိသားစုတွေ၊ AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာမှာလည်း အလှူတွေလုပ်မယ်လို့ Duwun Media ကနေ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’တောင်ဥက္ကလာ စည်ပင်ဝင်းထဲက စည်ပင်ဝန်ထမ်းတွေ၊ အမှိုက်လှည်းတဲ့ ဝန်ထမ်းတွေ၊ အိမ်ထောင်စု ၁၆၀ ကို ဆန်နဲ့ ဆီနဲ့ ဝေမယ်။ တောင်ဥက္ကလာမှာ လှူပြီးသွားရင် မြောက်ဒဂုံ စည်ပင်ဝင်းထဲမှာ ဆန်တွေ၊ ဆီတွေ ဝေမယ်။ ကလေးတွေကို အအေးတိုက်မယ်၊ ခေါက်ဆွဲခြောက်တွေ ဝေမယ်။ အဲဒါပြီးရင် မြောက်ဒဂုံထဲက AIDS စောင့်ရှောက်ရေး ဂေဟာကို ထပ်သွားပြီးတော့ ထမင်းကျွေးမယ်၊ မုန့်တွေဝေမယ်’’ လို့ ဆိုပါတယ်။

Photo: Nyi Htut Khaung

အဲဒီနောက် အသက် ဘယ်လောက်ပြည့်တယ် ဆိုတာကိုတော့ ညီထွဋ်ခေါင်က မပြောပါဘူး။ အသက်ကို ၂၀ ပြည့်ပြီးနောက်ပိုင်း မမှတ်ထားတော့ဘူးလို့ စနောက်ခဲ့ပါသေးတယ်။

‘’မပြောဘူး။ မွေးနေ့ အထိမ်းအမှတ်ပဲဆိုရပြီပေါ့။ ဘယ်သူ့ကိုမှ မပြောဘူး။ ရှက်လို့ ။ အစ်ကိုက အသက် ၂၀ ကျော်ကတည်းက မမှတ်တော့တာ ‘’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါသေးတယ်။

Photo: Nyi Htut Khaung

ညီထွဋ်ခေါင်ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေဆက်တိုက် ရိုက်ကူးနေရပေမယ့် လည်း ကာရိုက်တာ ရွေးချယ်ခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။ သူ့အတွက် အနုပညာ လမ်းကြောင်းလေးတစ်ခု ပေါ်ရောက်လာ ပြီဆိုပေမယ့် ဗီဒီယိုဈေးကွက် ပျက်နေတဲ့ အနေအထားကြောင့် ဘာဆက်လုပ်ရမှန်းမသိဘူးလို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Nyi Htut Khaung

သူ့ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦးရယ် ၃ ယောက်ပေါင်းထားတဲ့ Bff Group လေးကလည်း ပျော်စရာကောင်းလွန်းလှပါတယ်။ 



က္က