ငြိမ်လည်းငြိမ်သွားတယ်တဲ့။
Ei Ei Myat

 အူအတက်ယောင်လို့ ဆေးရုံတက်ပြီး ခွဲစိတ်ကုသခဲ့ရတဲ့ ဘုန်းမင်းနေလ အကြောင်းကို သဇင်ထူးမြင့်က ပြောပြခဲ့တာပါ။ နေမကောင်းဖြစ်ထားတော့ အရမ်းလည်း ပိန်သွားသလို အရင်တုန်းကလောက်လည်း မစနိုင်တော့ဘူးလို့ ဆိုပါတယ်။

 

Photo : ခင်ဇာခြည်ကျော်

ခွဲစိတ်ကုသမှု အပြီး ဆေးရုံက ပြန်အဆင်းနောက်တစ်ရက်မှာ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ ကြော်ငြာအတူတူ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ အရင်ကဆို ဘုန်းမင်းနေလတစ်ယောက် ရှုတင်ကို လာရင် အားလုံးကို လိုက်စနေတတ်သူ ဖြစ်ပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ နေမကောင်း ဖြစ်ထားတဲ့ အရှိန်ကြောင့် ငြိမ်ကျသွားပြီး အရမ်းလည်းပိန်သွားတယ်လို့ သဇင်ထူးမြင့်က ပြောပါတယ်။

“အရမ်းပိန်သွားတယ်။ သူ့ကို အရင်တုန်းက မြင်ခါက ကလေး ပုံစံလေး ဖြစ်သွားတယ်။ နေမကောင်းဖြစ်တာ သူ့ကို ငြိမ်ဆေးကျွေးလိုက်သလိုပါပဲ။ သူက အမြဲတမ်းစနောက်နေတော့ သူမစတော့ နေတောင်မေ နတတ် တော့ ဘူး။ အိမ်က ရှုတင်လိုက်တဲ့အဒေါ်တွေကအစ ဟယ်ဘုန်းမင်းငြိမ်သွားလိုက်တာပေ့ါ။ အရင်က ရှုတင်လာရင် အရမ်းစတာလေ” လို့ သူမက ဆိုပါတယ်။

photo : သဇင်ထူးမြင့်

ဘုန်းမင်းနေလတစ်ယောက် ဆေးရုံတက်နေရတဲ့အချိန်မှာ သူမအနေနဲ့ သတင်းသွားမေးခဲ့ပါသေးတယ်။ ဘုန်းမင်းနေလနဲ့သဇင်ထူးမြင့်တို့နှစ်ဦးဟာ ၂၀၁၈ခုနှစ်အကယ်ဒမီ ရွှေကြိုမောင်မယ်လေးတွေထဲမှာ အတွဲညီဆုံး စုံတွဲလေးဖြစ်သလို ပရိသတ်တွေရဲ့ အချစ်ကို ခံရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူတွဲပြီး ကြော်ငြာရိုက်ကူးမှုတွေ တော်တော်များများ ပြုလုပ်လျက်ရှိပါတယ်။

Photo : ခင်ဇာခြည်ကျော်

သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလကလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်အနေနဲ့ သားဖြစ်သူကို အနုပညာအလုပ်တွေ လုပ်စေချင်သလို ပညာတက်ပြီး တစ်ယောက် ဖြစ်စေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ ဘုန်းမင်းနေလက စင်ကာပူမှာ ပညာသင်ယူလျက်ရှိပြီး ကျောင်းပိတ်တဲ့အချိန်တွေမှာ မြန်မာနိုင်ငံပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။

photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ ကြော်ငြာတွေ များစွာ ရိုက်ကူးနေရပြီး ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။




က္က