သူနဲ့ ဒိတ်ချင်ပါတယ်တဲ့။

ထိုင်းမင်းသမီးချောလေး ကာရာဗီ က မြန်မာရုပ်ရှင်လောကရဲ့ နံပါတ် ၁ မင်းသားချော သရုပ်ဆောင်နေတိုးနဲ့ အတူ အနုပညာ အလုပ်တွေ တွဲလုပ်ချင်ပါတယ်တဲ့ ။ အခွင့်အရေးရရင်လည်း ဒိတ်ချင်တယ်လို့ ပြောပါတယ်။ နေတိုး သဘောကျ အောင်လည်း သူ အစွမ်းကုန် ကြိုးစား သွားမယ်တဲ့။



 

မြန်မာပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ ထိုင်းမင်းသမီးချောလေး ကာရာဗီ က သူသဘောကျတဲ့ ကောင်လေးမျိုးကို ရင်ဖွင့် ပြောပြလာပါတယ်။ မြန်မာအမျိုးသားတွေက အရမ်းကို သဘောကောင်းပြီး ကြင်နာတတ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ တစ်ယောက် ယောက် နဲ့သာ ဒိတ်ရမယ်ဆိုရင် သရုပ်ဆောင်နေတိုးနဲ့ ဒိတ်ချင်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

'' သူက ကြင်နာတတ်တယ်၊ လူကြီးလူကောင်းဆန်တယ်။ သူက စကားသိပ်မပြောဘူး၊ ကျွန်မ နဲ့ သိပ်မသိလို့ ပြောစရာစကား မရှိတာလည်း ဖြစ်နိုင်တာပေါ့နော်။ သူက အေးဆေးပြီး ဆွဲဆောင်မှုရှိတယ်၊ သူနဲ့ ဒိတ်လို့ရရင် ဒိတ်ချင်ပါတယ်။ သူ သဘောကျအောင် အစွမ်းကုန် ကြိုးစား မယ်၊ တစ်ယောက်နဲ့တစ်ယောက်မသိပေမယ့် အလုပ်အတူ တွဲလုပ်နိုင်မှာပါ'' လို့ ဆိုပါတယ်။

 

ကာရာဗီဟာ မြန်မာနိုင်ငံရဲ့ အနုပညာနယ်ပယ်ထဲမှာလည်း အောင်မြင်သူ တစ်ယောက်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက သရုပ်ဆောင် တွေနဲ့ လက်တွဲပြီး ဇာတ်ကားတွေလည်း ရိုက်ကူးထားပါသေးတယ်။ အဲ့ဒီနောက် ကာရာဗီဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ နံပါတ် ၁ ဖြစ်တဲ့ အကယ်ဒမီနေတိုးနဲ့ တွဲပြီး အလုပ်လုပ်ချင်တဲ့အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်မ အလုပ်တွဲလုပ်ချင်တဲ့ သူကတော့ နေတိုးပါ၊ ကိုနေတိုး နဲ့ တစ်ခါတွေ့ဖူးတယ်။ သူ သရုပ်ဆောင်တာတွေလည်း တွေ့ဖူးတယ်၊ သူက အရမ်းသရုပ်ဆောင်ကောင်းတယ်၊ သူနဲ့  အတူတွဲပြီး အလုပ်လုပ်ချင်ပါတယ်။ သူက ဒီမှာ နံပတ် ၁ လေ။ သူနဲ့ အလုပ်အတူတွဲလုပ်ခွင့်ရရင် အရမ်းကောင်းမှာပဲ'' လို့ သူကပြောပါတယ်။

Emily လို ကောင်မလေးမျိုးနဲ့ အပြင်မှာတွေ့ရင် ဇဏ်ခီ ဘာလုပ်မလဲ 

ကာရာဗီရဲ့ အချစ်ရေးကတော့ အခုလက်ရှိမှာ တစ်ယောက်တည်းပါပဲ လို့ ဆိုပါတယ်။ သူ သဘောကျတဲ့ အမျိုးသားတစ်ယောက်ကိုတော့ ဘယ်လို ပုံစံဖြစ်ရမယ် ဆိုတာမျိုး မသတ်မှတ်ထားပါဘူးတဲ့။ ဒါပေမယ့် ကြင်နာတတ်တဲ့ အမျိုးသားကိုတော့ သဘောကျတဲ့အကြောင်း ဇူလိုင်လ ၂၇ ရက်နေ့က CANAL+ နဲ့ ဥပါယ်တံမျဉ်အဖွဲ့သားတွေ ပူးပေါင်းပြီး ပရိသတ်နဲ့တွေ့ဆုံပွဲမှာ Duwun media ကို ဖြေဆိုခဲ့တာပါ။

'' မြန်မာအမျိုးသား အများကြီးကို တွေ့ဖူးပါတယ်၊ ချောတဲ့သူတွေ သဘောကောင်းတဲ့သူတွေ အများအားဖြင့် သူတို့တွေက အရမ်းသဘော ကောင်းတယ်၊  အရမ်းကြင်နာတတ်တယ်။ အဲ့ဒါကြောင့်လည်း ရွေးချယ်ဖို့ခက်တယ်။ တစ်ယောက်ယောက်ကို ရွေးရမယ်ဆိုရင် တော့ ကြင်နာ တတ်တဲ့အမျိုးသားကို ကြိုက်တယ်'' လို့ ဆိုပါတယ်။

Photo: Wai Min Maung Fb

 

ကာရာဗီဟာ ၂၀၁၄ ခုနှစ်က စပြီး ထိုင်း-မြန်မာ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ''ဘယ်လိုအချစ်မျိုးလဲ'' ရုပ်ရှင်ဇာတ်ကားကနေတဆင့် မြန်မာနိုင်ငံက ပရိသတ် တွေ နဲ့ စတင်ထိတွေ့ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ၃ နှစ်အကြာမှာတော့ ''ဥပါယ်တံမျဉ်'' ရုပ်ရှင်ဇာတ်ကားကြီးကနေ မြန်မာ ပရိသတ် ရင်ထဲ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က