အရမ်း Ro တာပဲ။

သဇင်ထူးမြင့်ကတော့ နေတိုးရဲ့ အမာခံပရိသတ်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိရုံတင်နေပြီဖြစ်တဲ့ နေတိုးရဲ့ ဦးနိုင် ဆိုတဲ့ ဇာတ်ကောင်ကိုလည်း အရမ်းသဘောကျတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Thazin Htoo Myint

အဲဒီနောက် စာမေးပွဲဖြေဆိုပြီးတဲ့နောက်မှာလည်း သူမက ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို သွားရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်နေတိုးရဲ့ ‘’ဦးတက်လူနိုင်’’ ဆိုတဲ့ ကာရိုက်တာကို အရမ်းသဘောကျခဲ့တဲ့အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ အရမ်း Ro လို့အစ်မရယ်။ သူ့ကို အစ်ကို ကာရိုက်တာတွေနဲ့ တွေ့နေရတာလေ။ ဦးကာရိုက်တာနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလေ။ ဦးတွေကို သဘောကျတာမဟုတ်ပါဘူး။ ကိုနေတိုးကို သဘောကျတာပါ။ သူချစ်တဲ့ ပုံစံကို သဘောကျတယ်။ အဲဒီလို ပုံစံလေးတော့ လိုချင်တာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။


Photo: Thazin Htoo Myint

အဲဒီနောက် သူမဟာ အနုပညာအလုပ်တွေလည်း လုပ်နေရပြီဖြစ်သလို တစ်ဖက်မှာလည်း ပညာရေးအတွက် ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သဇင်ထူးမြင့်တစ်ယောက် စာမကျက်တာ ကြာပြီဖြစ်လို့ စာမေးပွဲရက်အတွင်းမှာ တော်တော်ကြိုးစားခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

‘’ကျောင်းက ကျတော့ ပိတ်ရက်အပါအဝင် ၈ ရက်လောက်ဖြေနေရတာဆိုတော့ စာမကျက်တာ ကြာလို့လားမသိဘူး တစ်မျိုးပဲ။ စာထဲကို စိတ်တော်တော်ပြန်ထည့်ရတယ်။ အရင်တုန်းကဆို ၁၀ တန်းတုန်းကအထိ စာကြမ်းပိုးပဲ။ တက္ကသိုလ်တက်တဲ့အချိန်မှာတော့ မဟုတ်တော့ဘူူး။ ၁၀ တန်းတုန်းက ဆိုရင် အမှတ်၁၀၀ မှာ ၉၀ လောက်ရရင် မနေတတ်တော့ဘူး။ တက္ကသိုလ်မှာကျတော့ အောင်ဖို့တောင် အနိုင်နိုင်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။


Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သားသမီး ၃ ယောက်ထဲမှာမှ အငယ်ဆုံး သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမလေးလည်း ဖြစ်ပါတယ်။ သူမ အနေနဲ့ လက်ရှိမှာ ကြော်ငြာတွေ များစွာ ရိုက်ကူးနေရပြီး ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင် တစ်ဦးဆိုရင်လည်းမမှားပါဘူး




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က