ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ပြောခဲ့တာပါ။
Ei Ei Myat

သရုပ်ဆောင် အိန္ဒြာကျော်ဇင်က နေတိုးအတွက် ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်ဇာတ်ကားအထူးပွဲနေ့မှာ မွေးနေ့ဆုတောင်းစကားပြောခဲ့တာ ဖြစ်ပါတယ်။

 

“ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးအတွက် အိန္ဒြာကျော်ဇင်က မွေးနေ့ဆုတောင်းစကား ပြောခဲ့တာပါ။ အသက်(၃၈)နှစ်ပြည့်ပြီ ဖြစ်တဲ့ နေတိုးအတွက် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ဆုတောင်းက “အောင်မြင်မှုတွေအကယ်ဒမီပေါင်းများစွာနဲ့ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ လူပျိုကြီး ဘဝက အမြန်ဆုံးကျွတ်ပါစေလို့” စက်တင်ဘာ(၈)ရက်နေ့ ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်အထူးပွဲမှာ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နေတိုးကလည်း အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ဆုတောင်းနဲ့ ပတ်သက်ပြီး မင်္ဂလာရှိတဲ့ ဆုတောင်းခြင်း ဖြစ်လို့ ပြည့်ချင်တယ်လို့ ဆိုပါတယ်။ “ကောင်းသော ဆုတောင်းခြင်း၊ မင်္ဂလာရှိတဲ့ ဆုတောင်းခြင်းမို့လို့ ကျွန်တော့်အနေနဲ့ ပြည့်ချင်ပါတယ်”လို့ သူက ပြောပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ နေတိုးတို့ဟာ ဇာတ်ကားပေါင်းများစွာပါအတူတူ တွဲဖက်သရုပ်ဆောင်ဖူူးသူတွေ ဖြစ်ပါတယ်။ စက်တင်ဘာ(၁၂) ရက်နေ့မှာလည်း သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာလည်း သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နေတိုး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ပြန်လည်တွေ့ရတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ 

နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။


က္က