အတူတွဲသရုပ်ဆောင်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

နေခြည်ဦးက နေတိုးနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းပေါ်က အမှတ်တရတွေပြောပြလာပါတယ်။ နေတိုးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

နေခြည်ဦးကတော့ ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ဇာတ်ကားကြီးထဲက ‘’လိပ်ပြာ’’ကာရိုက်တာကို အပြည့်အဝ သရုပ်ဆောင်နိုင်ခဲ့တာ နေတိုးရဲ့ အကူအညီတွေလည်းပါတယ်လို့ဆိုပါတယ်။ ဒီ ကာရိုက်တာကတော့ သူ့စိတ်ကြိုက် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကာရိုက်တာဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ဒီဇာတ်ကားလေးကတော့ နေခြည်ဦးဆိုတဲ့ သရုပ်ဆောင်ခွင့်ကို အပြည့်အဝရတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်အပြည့်အဝ ရတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားမှာ အဖက်ဖက်က ပါဝင်တဲ့ ဒါရိုက်တာ၊ ထုတ်လုပ်သူတွေအကုန်လုံးကလည်း ကိုယ့်ရဲ့ သရုပ်ဆောင်ချက်တွေကို သိချင်လို့ လာကမ်းလှမ်းတာဆိုတော့ နေခြည်က လွတ်လွတ်လပ်လပ် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ကိုယ်နဲ့ အတူ သရုပ်ဆောင်တာက ကိုနေတိုးဆိုတော့ ကိုနေတိုးရဲ့ လက်တွဲခေါ်မှုတွေရှိတယ်။ တချို့အရာလေးတွေဆိုရင် ကိုနေတိုးရဲ့ အနောက်ကနေ Follow လိုက်လုပ်ရုံပါပဲ။ အဲဒီအတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်’’ လို့ ပြောလာပါတယ်။

ဒီဇာတ်ကားဟာ အရမ်းကို Romantic ဆန်လွန်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့လည်း နေခြည်ဦးက ပြောပါတယ်။ အခြေအနေခြင်းမတူတဲ့ လူနှစ်ယောက်ရဲ့ အချစ်ရေးက ဆန်းကြယ်ပုံလေးတွေကို ပြောပြလာခဲ့ပါတယ်။

‘’ ကိုမိုးနီလွင်ရဲ့ ဇာတ်ညွှန်းကလည်း ပိုးစိုးပက်စက် Ro ပါတယ်။ Ro တာတွေကို မြင်ဖူးပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကတော့ အဆင့်အတန်းမတူတဲ့ နယ်ပယ်နှစ်ခုက ကြိုက်ကြတဲ့အတွက် ယောကျ်ားလေးကလည်း သူ့ရဲ့စိတ်ထဲက ro နည်းကိုပြတယ်။ မိန်းကလေးကကျတော့ သူ့ရင်ထဲမှာ လိုချင်တာ ဒါမဟုတ်ဘူးဖြစ်နေတာပေါ့နော်။ ပဋိပက္ခလေးတွေကြားက နှစ်ယောက်သားရဲ့ roနည်းကိုပြထားတာဆိုတော့ လှပါတယ်’’ လို့ သူကဆိုပါတယ်။

‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ပထမဆုံးတွေ့ဆုံခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီဇာတ်ကားမှာ အမှတ်တရအဖြစ်ဆုံး ဇာတ်ဝင်ခန်းကိုလည်း နေခြည်ဦးက ပြောပြခဲ့ပါသေးတယ်။

‘’အမှတ်တရလေးကတော့ မြင်းစီးတာပေါ့။ နေခြည်က တစ်ခါမှ မြင်းလည်း မစီးဖူးဘူး။ မြင်းကွင်းလည်း မသွားဖူးဘူး။ ကိုနေတိုးကတော့ မြင်းစီးတာ တော်တော်လေးကို ကျွမ်းကျင်တယ်။ မေဘရဏီသော်ကလည်း မြင်းစီးတာ ကျွမ်းကျင်တယ်။ မြင်းကွင်းလေးမှာ သွားရိုက်ရတာကတော့အမှတ်တရပါပဲ’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညက ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီးအထူးပြသပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။  ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၁၇ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က