မိန်းကလေးတစ်ယောက်ထက်ပိုလှတယ်။

မိန်းကလေးတစ်ယောက်လို ပြင်တတ်ဆင်တတ်လွန်းတဲ့ နေတိုးရဲ့ အလှအပက မိန်းကလေးထက်ေ တာင်လှတယ်လို့ လွင်မိုးက ပြောပါတယ်။ သူတို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကို မကြာခင် ‘’တာတူး’’ရုပ်ရှင်ကားကြီးမှာ မြင်ရတော့မှာပါ။

Photo: Lucky 7



အနုပညာအလုပ် အတွေ့အကြုံတွေ အများကြီးရှိတဲ့ လွင်မိုးက နေတိုးရဲ့ သရုပ်ဆောင်မှုတွေအပေါ်ကို ချီးကျူးပြောဆိုလာပါတယ်။ အဲဒီနောက် မိန်းကလေး ကာရိုက်တာနဲ့ လိုက်ဖက်အောင်ကြိုးစားနိုင်တဲ့ နေတိုးရဲ့ အလှအပတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သူက ပြင်ရတာ ၂ နာရီကြာတယ်။ ဘာတွေ ပြင်လဲတော့ မသိဘူး။ ဒါပေမယ့် ရိုက်ကွင်းပေါ် တကယ်ထွက်လာတော့လည်း ကိုနေတိုးက တော်တော်ထူးခြားပါတယ်။ တကယ့် မိန်းကလေးတစ်ယောက်အတိုင်းပါပဲ။ ညီမတို့ထက်တောင်လှသေးတယ်’’ လို့ ‘’တာတူး’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Lwin Moe

လွင်မိုးနဲ့ နေတိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’တာတူး’’ ရုပ်ရှင်ကားကြီးကိုတော့ မတ်လ၁၅ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာပါ တစ်ပြိုင်နက် ရုံတင်ပြသသွားမယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သက်မွန်မြင့်ကလည်း အဓိက အမျိုးသမီ ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။

Photo: Lucky 7

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က