ဘာဇာတ်ကားရိုက်ရိုက် အရမ်းကောင်းတယ်။

နေတိုးဟာ ဘာဇာတ်ကားရိုက်ရိုက် အရမ်းတော်တယ်လို့ သူထူးစံက ပြောလာပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေကို သေချာစိစစ်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Photo: Thu Htoo San Crazy



သူထူးစံဟာ သူငယ်ချင်းဖြစ်သူ နေတိုးက အနုပညာအရာမှာ တကယ်ကို တော်တဲ့သူဖြစ်ကြောင်း ပြောလာပါတယ်။ နေတိုးရဲ့ သရုပ်ဆောင်မှု ကာရိုက်တာနဲ့ သူ့ရဲ့ သရုပ်ဆောင်မှု ကာရိုက်တာ ကွာခြားမှုရှိတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောလာပါတယ်။

‘’ နေတိုးက တော်ပြီးသား သူက ဘယ်ဇာတ်ကားဖြစ်ဖြစ် ကောင်းတယ်။ နေတိုးနဲ့ ကျွန်တော်ကလည်း သူငယ်ချင်းပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်ကားရိုက်ရိုက် မကောင်းဘူး။ အဲဒါတစ်ခုကတော့ ကွာတယ်။ ကျွန်တော်နဲ့ လိုက်တဲ့ ကာရိုက်တာဆိုရင် ရာနှုန်းပြည့် ကောင်းတယ်။ သရုပ်ဆောင်ဆိုတာ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရတယ်ဆိုပေမယ့် သူနဲ့ အံဝင်ဂွင်ကျဖြစ်မယ့် ကာရိုက်တာဆိုမှ အဆင်ပြေမှာလေ’’ လို့ မတ်လ ၂၄ ရက်နေ့ က အကယ်ဒမီ ဂုဏ်ပြု ညစာစားပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nay Toe

သူထူးစံဟာ အကယ်ဒမီဆု ရရှိပြီးခဲ့ပေမယ့်လည်း ဇာတ်ကားတွေ အများကြီးရိုက်ကူးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

‘’ ကျွန်တော်လည်း အိမ်ထောင်ကျသွားပြီဆိုတော့ အနုပညာမလုပ်တာတော့ မဟုတ်ဘူး။ခဏနားထားပြီးတော့ ကျွန်တော့် အိမ်ထောင်ဖက်အတွက်ကို ကြိုးစားရဦးမယ်။ အဲဒါနဲ့ အနုပညာအလုပ်ကို တွဲပြီးတော့ လုပ်မယ်။ ပြောထားတဲ့ ဇာတ်ကားတွေကတော့ အများကြီးရှိတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် အများကြီး ရိုက်မှာ မဟုတ်ဘူး။ ကျွန်တော်နဲ့ အဆင်ပြေတဲ့ ကားလေးတွေပဲ ရိုက်မှာပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Aung Moe Hein

သူထူးစံဟာ လက်ရှိမှာ မိသားစုဘက်ကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်လေးတွေကို ခဏတာ နားထားတယ်လို့ သိရပါတယ်။မိသားစုကို အချိန်ပေးပေမယ့်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဇာတ်ကားတွေ အများကြီး ရိုက်သွားမှာ မဟုတ်ဘဲ သူနဲ့ အဆင်ပြေမယ့် ဇာတ်ကားလေးတွေကို ရွေးချယ်ရိုက်ကူးသွားမှာလို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က