ရခိုင်ပြည်နယ် မာန်အောင် မှာရှိပါတယ်။

နေတိုးကိုယ်တိုင် ငယ်ဘဝကို ပြန်ပြီး သတိရစေခဲ့တဲ့ အိမ်လေးအကြောင်းကို ပြောပြလာပါတယ်။ ဒီအိမ်လေးမှာပဲ နေတိုးကို မွေးဖွားခဲ့တာပါတဲ့။

Photo: ယဉ်ယဉ်ထွန်း



သရုပ်ဆောင် နေတိုးကို မွေးဖွားခဲ့တဲ့ အိမ်လေးကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီအိမ်လေးမှာရှိခဲ့တဲ့ အမှတ်တရတွေကိုလည်း နေတိုးက မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ အိမ်ပေါ့။ အဲဒီအိမ်မှာတော့ ကျွန်တော် ၅ နှစ်အရွယ်လောက်အထိ နေခဲ့ဖူးတယ်။ ကျွန်တော် ကြီးပြင်းခဲ့တဲ့ အိမ်ကတော့ သက်သက်ရှိပါတယ်။ မာန်အောင်မြို့ထဲမှာပဲပေါ့။ ဒါကတော့ ဖေဖေ မေမေ တို့ရွာမှာ အခုချိန်အထိ ရှိနေတုန်းပဲပေါ့နော်။ တချို့ဆွေမျိုးတွေလည်း ရွာထဲမှာရှိနေကြတုန်းပဲ’’ လို့ သူကဆိုပါတယ်။

နေတိုးကိုယ်တိုင်ကလည်း ဒီအိမ်လေးကို ပြန်တွေ့လိုက်ရတာ ငယ်ဘဝကို သတိရစေခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။

‘’ ငယ်ဘဝကိုတော့ ပြန်သတိရတယ်။ ကိုယ်တောင်မှ ငယ်ငယ်တုန်းက ဘဝကို ပြန်ပြီးတော့ သတိပြန်ရတဲ့ ခံစားချက်တွေ ရှိခဲ့ပါတယ်။ ငယ်ငယ်က နေလင်းအောင်နဲ့ အခု နေတိုးရဲ့ ပြောင်းလဲမှုတွေကိုတော့ ကိုယ်ကိုယ်တိုင်တောင် မသိဘူး။ ကျွန်တော့်ကို ကြည့်နေတဲ့ ပရိသတ်တွေကတော့ ကျွန်တော့်ရဲ့ ပြောင်းလဲမှုတွေကို ပိုမြင်ပါလိမ့်မယ်’’ လို့ Box No.88 ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ယဉ်ယဉ်ထွန်း

သူ့အနေနဲ့ လက်ရှိမှာ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်လာတဲ့အတွက် ပြောင်းလဲမှုတွေကိုတော့ ပရိသတ်တွေက ပိုသိမယ်လို့ ဆိုပါတယ်။

‘’တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ ဟာတွေကိုလည်း ကိုယ့်ကို သတိလာပေးတော့မှ ကိုယ်ပြောင်းလဲတဲ့ ဟာကိုသိတယ်။ သေချာတာ တစ်ခုကတော့ တစ်နေ့နဲ့ တစ်နေ့၊ တစ်နာရီနဲ့ တစ်နာရီ၊ စက္ကန့်တိုင်း စက္ကန့်တိုင်းက ပြောင်းလဲနေတယ် ဆိုတာတော့ သေချာပါတယ်’’ လို့ ဆက်လက် ပြောပြထားပါတယ်။

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က