နောက်ထပ် အနုပညာရှင်တွေလည်း ပါဝင်လာဦးမှာပါ။

နေတိုး နဲ့ ရွှေထူး တို့ရဲ့ ဒုတိယမြောက်တွေ့ဆုံတဲ့ရုပ်ရှင်ကားကြီး ‘’စစ်ကား’’ကိုတော့ မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ကျော်ဗို၊ ထူးအောင်စတဲ့ မင်းသား နှစ်ယောက်လည်း ပါဝင်သွားဦးမှာပါ။


‘’စစ်ကား’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို သြဂုတ်လ ၇ ရက်နေ့ က ရွှေတိဂုံစေတီတော်မြတ်ကြီး ရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြတာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် နေတိုးက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် ရိုက်ကူးရေး ပြုလုပ်တော့မယ့် အချိန်မှာလည်း အဆင်သင့်ဖြစ်နေပြီလို့ မီဒီယာအင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။



‘’ အဗန်းချားဖြစ်တဲ့အတွက် ပင်ပန်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် အရမ်းကြီး ခက်ခဲမှုများမယ့် ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကတော့ ကျွန်တော့်အရပ်နဲ့ ရှိသင့်တဲ့ အနေအထားတော့ ရှိသွားပါပြီ။ ဒါပေမယ့်လည်း ကြွက်သားတည်ဆောက်မှုအပိုင်းတွေကတော့ နည်းနည်းကျန်သေးတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ရွာထဲက ကောင်မလေးတစ်ယောက်အဖြစ်ပါဝင်လာမယ့် အေးမြတ်သူကလည်း သူမရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာ ဝတ်ရမယ့် ဖက်ရှင်တွေကိုတော့ ထုတ်လုပ်ရေးကပဲ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ဒီဇာတ်ကားထဲမှာ အေးမြတ်သူက ရွာသူပေါ့။ အေးမြတ်သူတို့ တစ်ဖွဲ့လုံးကတော့ လိုအပ်ချက်အနည်းဆုံး ဖြစ်အောင် အားလုံး အသေးစိတ်ပြင်ဆင်ပြီးတော့ ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။ ဝတ်ရမယ့် ဝတ်စုံတွေကိုလည်း Production Team ကပဲ စီစဉ်ပေးတဲ့ဟာပဲ ဝတ်မှာပါ။ အဲဒီလိုကျတော့ အေးမြတ်သူတို့လည်း ဇာတ်ညွှန်းတွေ ပိုဖတ်ဖြစ်တယ်။ သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် ပိုအချိန်ပေးဖြစ်တယ်’’

ခပ်အေးအေး ကာရိုက်တာတွေ၊ အလန်းဇယားလူငယ်တစ်ယောက် ကာရိုက်တာတွေနဲ့ မြင်တွေ့ရတာများတဲ့ ကျော်ကျော်ဗိုက ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားမှာ တဇွတ်ထိုးဆန်တဲ့ ကောင်လေး အဖြစ် မြင်တွေ့ရမှာပါတဲ့။

‘’ ကျွန်တော့် ကာရိုက်တာကတော့ ရွာသားပါပဲ။ သူငယ်ချင်းတွေ ထဲမှာမှ ကျွန်တော်က တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် တဇွတ်ထိုး လုပ်တတ်တဲ့ အကျင့်ရှိတဲ့ လူတစ်ယောက်ပေါ့နော်။ ဇာတ်ကားရိုက်ဖြစ်ခဲ့ တာကလည်း ကိုရွှေမန်းတို့နဲ့ စကားပြောရင်းက ဇာတ်ကားပုံစံရဲ့ အကြမ်းကိုပြောမိပြီး ဇာတ်ညွှန်းခွဲ ကြည့်ရင်းကနေ သဘောကျလို့ ရိုက်ဖြစ်လိုက်တာပါ’’ ဆိုပြီးတော့ ‘’စစ်ကား’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyaw Kyaw Bo

‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားကြီးကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုပေါက် က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေက စပြီး ချောက် မြို့နဲ့ ကယားပြည်နယ်တို့မှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်၊ အေးမြတ်သူ နဲ့ နွယ်ဒါလီထွန်း တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က