ဘုရားတရားလည်းပိုလုပ်လာတယ်တဲ့။
Ei Ei Myat

အရင်တုန်းက ဘုရားတရားလုပ်ဖို့ မနည်းပြောရတဲ့ အောင်ရဲလင်းက အခုဆိုရင် ဘာသာရေးအရမ်းလုပ်တာလို့ ဆိုပါတယ်။

photo : အောင်ရဲလင်း

အောင်ရဲလင်းရဲ့ ဆရာသမားဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောင်းလဲသွားတဲ့ အောင်ရဲလင်းရဲ့ အကျင့်လေးတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ အရင်ကနဲ့မတူဘဲ အရမ်းပြောင်းလဲလာပြီး ပိုမို ရင့်ကျက်လာတယ်လို့ သူက ပြောပါတယ်။

“ဟိုအရင် အောင်ရဲလင်းထက် စာရင် ရင့်ရက်လာတယ်။ သူအနုပညာနဲ့ ပတ်သက်လာရင် အရင်တုန်းကဆိုရင် ဒါရိုက်တာခိုင်းတာကို လုပ်တာရှိတယ်။ အခုကတော့ ဒါရိုက်တာ ခိုင်းတာအပြင် သူစိတ်ထဲမှာ သူဘယ်လိုလုပ်သင့်လဆိုတာ စဉ်းစားတယ်။ သူကောင်းချင်တယ်။ အခုနောက်ပိုင်းဆို အောင်ရဲလင်းကားတွေ အရမ်းကြဲသွားပြီလို့ ပြောတယ်။ ဟုတ်တယ်။ ကြဲသွားတယ် ဘာကြောင့်လဲဆိုတော့ သူအရမ်းဇာတ်ရွေးတယ်။ ဒါရိုက်တာ တအားရွေးတယ်။ သူ့ကို ငှားတိုင်း သူမရိုက်ဘူးအဲ့ဒါကြောင့်မို့လို့လည်းသူ့ ကားတွေ အရမ်းကြဲသွားတယ်။ အမကတော့ သဘောကျတယ်။ အနုပညာသမားသည် အနုပညာကို ချစ်ရမယ် ကိုယ့်ကိုငှားတိုင်းရိုက်တာထက် စာရင် ကိုယ့်ကြို့်တဲ့ဇာတ် ကိုယ်တကယ်အားရတဲ့ ဇာတ်ကမျိုးကိုပဲ ရိုက်သင့်တယ်လို့ထင်တယ်” လို့ သူမက အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အနုပညာသက်ကြီးပူဇော်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

photo :အောင်ရဲလင်း

အရင်တုန်းကဆိုရင် ဘုရားတရားလုပ်ဖို့ မနည်းတိုက်တွန်းရတဲ့ အောင်ရဲလင်းဟာအ ခုဆိုရင် ဘုရားတရား ကျေးဇူးကို ပိုသိလာပြီး ဘာသာရေးဘက်ကို ပိုမိုလိုုက်စားလာတယ်လို့ ဆိုပါတယ်။

“ဆရာသမားတိုင်းက တပည့်ကို အကောင်းဆုံး ဖြစ်စေချင်တာပဲ ။ လိမ္မာစေချင်တာပဲ ဘာသာတရားကိုင်းရှိုင်းစေချင်တယ်။ဘာရေးနဲ့ ပတ်သက်တာတော့ လုပ်တယ်။ ဘာသာရေးအကျိုးသက်ရောက်မှုလည်း နားလည်တယ်။ဟိုအရင် အောင်ရဲလင်းထက် စာရင် ရင့်ရက်လာတယ်။ဒါပေမယ့် ကိုယ်လိုချင်သလောက်တော့ လူငယ်လည်း ဖြစ်တယ်။ ယောျက်ားလေးလည်း ဖြစ်တော့ မိန်းကလေးနဲ့ မတူဘူးပေ့ါနော်။ ဒါပေမယ့် အမနဲ့ စပြီး ရိုက်တဲ့ အောင်ရဲလင်းက ဘုရားရှိခိုးရင် မနည်းရှိခိုးခိုင်းရတယ်။ နောက်ပိုင်းကျတော့ ပိုပြီး ဘုရားတရားလုပ်တာတယ်။သူအဲ့လိုဖြစ်တော့လည်း ပီတိဖြစ်ရပါတယ်"”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

photo :အောင်ရဲလင်း

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။

ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။


က္က