ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် အခွေထွက်ပါပြီ။

ချစ်သုဝေရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ကတိ’’ တေးစီးရီးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒီအခွေမှာ ချစ်သုဝေရဲ့ ကြိုးစားမှုတွေကို မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

အဆိုတော် ချစ်သုဝေဟာ ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး ၈ နှစ်ကြာ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ‘’ကတိ’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ တစ်ကိုယ်တော်အခွေ အတွက် ရင်ခုန်သံကို မီဒီယာတွေ အင်တာဗျူးမှာ အခုလိုပြောပြလာပါတယ်။



‘’ ဒီအခွေထဲမှာ ကိုယ်ဝန်ကြီးနဲ့ ဆိုထားတဲ့ သီချင်းတွေလည်းရှိတယ်။ နောက်ပိုင်းကျတော့ သမီးလေးတွေနဲ့ဆိုတော့ သိပ်မဆိုဖြစ်ဘူး။ အခုနောက်ပိုင်းမှသာ ကိုယ်ကျေနပ်လောက်တဲ့ အပိုင်းရောက်တဲ့ အထိ ကြိုးစားပြင်ဆင်ခဲ့လို့လည်း ပိုကြာသွားတာလေးတွေ ဖြစ်ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။ ဒီအခွေနဲ့ပတ်သက်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာမှာရှိတဲ့ Hard Rock မှာ ကျင်းပခဲ့တာဖြစ်ပါတယ် ။

၈ နှစ်ကြာမှ ထွက်ရှိလာမယ့် တစ်ကိုယ်တော်အခွေမှာတော့ ချစ်သုဝေရဲ့ ဂီတနဲ့ပတ်သက်ပြီး ရင့်ကျက်လာတဲ့ အတွေးအခေါ်လေးတွေ ပါဝင်မယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ခံစားချက်နဲ့ပဲ သီချင်းတစ်ပုဒ်ကို အသက်သွင်းတယ်လို့ ဆိုပါတယ်။

‘’ မထရီဇာ ဆိုတဲ့ ဟန်လေးတွေကတော့ နည်းနည်းများ ပိုပြီး ရင့်ကျက်သွားမလားလို့ မပြောတတ်ဘူး။ ကိုယ်ကတော့ ထူးထူးခြားခြားဖြစ်တယ်လို့ မခံစားမိပါဘူး။ မမချစ်တဲ့ သီချင်းတွေကို အရိုးသားဆုံး မမခံစားရသလို ပုံဖော်တယ်။ ကိုယ် ဆိုရတဲ့ သီချင်းအပေါ် သစ္စာရှိတာကြိုက်တယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ‘’ကတိ’’ တစ်ကိုယ်တော်အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

အဆိုတော် ချစ်သုဝေ ရဲ့ ‘’ကတိ’’ တစ်ကိုယ်တော်အခွေဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ ချစ်သူတွေအတွက် မဟုတ်ပဲ ချစ်သူမရှိတဲ့ လူတွေနဲ့ သူများပျော်လို့ မပျော်နိုင်သူတွေအတွက်ပါ နားထောင်လို့ ရတယ်လို့ဆိုပါတယ်။

‘’ သီချင်းအမျိုးအစားလေးကတော့ တော်တော်စုံတယ်။ ချစ်သူတွေ အတွက်ချည်းပဲ မဟုတ်ဘူး။ ပျော်နေကြတဲ့သူတွေရော၊ အသည်းကွဲတဲ့ သူတွေရော၊ အသည်း ဟက်တက်တက်ဖြစ်နေတဲ့ သူတွေရော၊ ဗယ်လင်တိုင်း နေ့က ငါနဲ့ မဆိုင်တော့ဘူးလို့ စိတ်ဓာတ်ကျနေတဲ့ သူတွေအတွက်ကိုရော မမအခွေလေးက အင်အားဖြစ်စရာလေး တစ်ခုဖြစ်မှာပါ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

‘’ကတိ’’ တစ်ကိုယ်တော်အခွေ ကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စပြီး တေးသံသွင်းတွေ၊ Shopping Mall တွေ မှာ ဝယ်ယူရရှိနိုင်ပြီလို့ ချစ်သုဝေက ပြောပြလာပါတယ်။ သူမဟာ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘’တိမ်တွေ နေတဲ့အရပ်’’ အခွေ ထွက်ပြီး ၈ နှစ်အကြာမှာ ‘’ကတိ’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိလာတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က