ဘယ်လိုတွေ ဖြတ်သန်းနေရလဲ။

ဟိန်းမင်းသူက ကိုယ့်ဓာတ်ပုံကို ဟာသအနေနဲ့ ပြန်ကြည့်ရတဲ့အချိန်က ပျော်စရာကောင်းတယ်လို့ဆိုပါတယ်. အခုချိန်မှာတော့ စိတ်ညစ်စရာတွေမေ့ပြီး အနုပညာအလုပ်အပေါ် အကောင်းဆုံးကြိုးစားနေတယ်လို့ဆိုပါတယ်.

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူရဲ့ ဓာတ်ပုံတွေကိုတော့ တစ်ခါတလေမှာ ဟာသနှောပြီး လုပ်ထားတာတွေ တွေ့ရပါတယ်. ဒီလိုလုပ်ထားတာတွေကိုလည်း ဟိန်းမင်းသူ ကိုယ်တိုင်က တွေ့တယ်လို့ဆိုပါတယ်. ဒါပေမယ့် ဟာသ တစ်ခုဖြစ်တာကြောင့် စိတ်မဆိုးတဲ့အပြင် ကျေးဇူးတင်တယ် ဆိုတာကို Duwun Media ကနေပြောပြလာပါတယ်.

'' ပျော်တာပေါ့. ကိုယ့်ပုံနဲ့ကိုယ်ပြန်ရယ်ရတယ်ဆိုတာ နည်းတဲ့ စကေးမှ မဟုတ်တာ တစ်ခါတလေကျရင် မိန်းမ ထမီကြီးနဲ့ ကိုယ့်မျက်နှာကြီးနဲ့ ရယ်နေရတယ်. ကိုယ့်ပုံနဲ့ကိုယ် ရယ်ရဖို့ဆိုတာ မလွယ်ဘူး. ကိုယ့်ပုံနဲ့ကိုယ် ရယ်ရအောင် လုပ်ပေးတဲ့အတွက်လည်း သူတို့ကို ကျေးဇူးတင်တယ်'' လို့ ဆက်လက် ပြောပြလာပါတယ်. လို့ ဆိုပါတယ်.

Photo: ဟိန်းမင်းသူ

အဆိုတော် ဟိန်းမင်းသူရဲ့ လက်ရှိကျန်းမာရေး အခြေအနေကတော့ သက်သာနေပြီလို့ ဆိုပါတယ်။ မကြာခင်က ဘာမီတွန်ဆေးတွေ အများ အပြားသောက်ပြီး အရေးပေါ် ဆေးကုသခဲ့ရတာကြောင့် သူ့ရဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကလည်း စိုးရိမ်ခဲ့ကြ ပါတယ်. သူ့ရဲ့ စိတ်ဓာတ်ကျစရာ အချိန်မှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလိုပြောပြလာပါတယ်.

'' အမှန်အတိုင်းပြောရရင် လူတိုင်းမှာ စိတ်ညစ်စရာတွေကို တွေးရင်တော့ စိတ်ညစ်စရာတွေပဲရှိမှာလေ. ကိုယ်က အနီရောင်ဝတ်ထားတဲ့လူကိုမြင်ရင် အနီရောင်ပဲမြင်မှာ. အမဲရောင် ဝတ်ထားတဲ့လူကို မြင်ရင် အမဲရောင်ပဲမြင်မှာ အကုန်လုံးကို ဖြန့်ကြည့်လိုက်တဲ့ အချိန်မှာ ပျော်စရာတွေရော. စိတ်ညစ်စရာတွေရောရှိတာဆိုတော့ မျှပါတယ်. ဘဝကြီးက '' လို့ သူကဆိုပါတယ်.

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူက အခုချိန်မှာတော့ ဝေဖန်တိုက်ခိုက်မှုတွေအပေါ် နေသားကျသွားပြီလို့ ဆိုပါတယ်။ အစစအရာရာကို အသစ်တစ်ဖန် ပြန်ကြိုးစား သွားမှာဖြစ်ပြီး အတိတ်က အကြောင်းအရာတွေကို အနာဂတ်ဆီ မခေါ်သွားဘူးလို့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

'' တစ်ခါတလေကျရင် ဘဝမှာ ကျရှုံးနေတယ်. လုံးဝ ကုန်းကောက်စရာမရှိအောင် အခြေအနေလည်းရှိမယ်. အဓိက က ဘဝမှာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်ပြန်ထနိုင်ဖို့ပဲ အရေးကြီးတာလေ. ဘယ်လောက်ပဲ လဲကျ လဲကျ ကိုယ်ထနိုင်သ၍ ကိုယ်မရှုံးသေးဘူး'' ဆိုပြီးတော့ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်အထူးပွဲမှာ ပြောပြ ခဲ့တာဖြစ်ပါတယ်.

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ် လည်း ပျားရည်အိုင် ဆိုတဲ့ ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က