ပရိသတ်တွေ သိမှာပါ။

ချစ်သူလေးကို အရမ်းချစ်တတ်တဲ့ သရုပ်ဆောင်အဆိုတော် အကယ်ဒမီ ထွန်းထွန်းက သူ့ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တစ်သက်လုံး စိတ်ချမ်းသာရမယ့် လမ်းကိိုဘဲရွေးချယ်မယ်လို့ ပြောပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတာကြောင့်လည်း ပရိသတ်တွေရဲ့ အားကျတာကို ခံထားရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။



 

ချစ်သူလေးကို အရမ်းချစ်တတ်တဲ့ သရုပ်ဆောင်အဆိုတော် အကယ်ဒမီ ထွန်းထွန်းက သူ့ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တစ်သက်လုံး စိတ်ချမ်းသာရမယ့် လမ်းကိိုဘဲရွေးချယ်မယ်လို့ ပြောပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မိသားစုကို ဦးဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက်ကိုလည်း အကောင်းဆုံးကြိုးစားနေတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဘဝအတွက်ရယ်လို့ စဉ်းစားထားတာတွေတော့ရှိပါတယ်။ အမေအနေနဲ့ကလည်း ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို အဓိကပါ။ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်တယ်။  ကိုယ့်မိသားစုကို တကယ်ဦးဆောင်နိုင်တဲ့ အရွယ်ဆိုတော့ အဲ့ဒီလိုအချိန်တစ်ခုကို ကျွန်တော့်ဘက်က တည် ဆောက် နေရတာဆိုတော့ ကြိုးစားနေတယ်။ မျှော်လည်း မျှော်လင့်နေပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Su Sandi Oo Instagram

 

ထွန်းထွန်းက သူ့ရဲ့ ချစ်သူကောင်မလေးကို ၂၀၁၇ ခုနှစ်  နိုဝင်ဘာလ အတွင်းက ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ချစ်သူကောင်မလေး ရဲ့ နာမည်ကတော့ ဆုစန္ဒီဦးလို့ ခေါ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတာကြောင့်လည်း ပရိသတ်တွေရဲ့ အားကျတာကို ခံထားရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။

'' ကျွန်တော့်ကို ပြောကြတယ် အခုမှ အချစ်စစ်တွေ့တာလားပေါ့။ ကျွန်တော် ပြောချင်တာကတော့ ဗလတောင်ဖို့ လေ့ကျင့်ချင်တဲ့ လူ တစ် ယောက် က ဗလတောင့်ဖို့ အအိပ်၊ အစားမှန်ရတယ်၊ လေ့ကျင့်ခန်းလုပ်တာ မှန်ရတယ်။ အကုန်မှန်မှ တင့်တင့်တယ်တယ် ကြွက်သားတွေ ထွက်လာမယ်။ ကျွန်တော့်အနေနဲ့ ဒီအရွယ်ကြီးကျမှ ချစ်တယ်ဆိုတာကလည်း အကုန်စုပြုံပြီး မှန်သွားလို့တော့ ထင်တယ်'' လို့ ဆိုပါတယ်။

ချစ်သူနဲ့အတူ ငါးစာကျွေး ကုသိုလ်ယူနေတဲ့ထွန်းထွန်း 

Photo: Su Sandi Oo Instagram

 

ထွန်းထွန်းဟာ ချစ်သူကောင်မလေးနဲ့ ပုံတွေတင်တိုင်း အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။သူ့ရဲ့ အမှန်တကယ်ပျော်ရွှင်မှုတွေကိုလည်း ပရိသတ်တွေက မြင်နိုင်မှာပါဆိုပြီးတော့  သြဂုတ်လ ၁၅ ရက်နေ့က အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ကား ကန်တော့ပွဲပေးအခမ်းအနားမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

'' သူနဲ့တွေ့ရင် ပျော်နေတဲ့ စိတ်ကိုအထင်းသားမြင်နိုင်ပါတယ်။ လူတစ်ယောက်ကလေ ကိုယ့်ရဲ့တွန်းအားပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုတွေဟာ အရာအာလုံးအတွက် အရေးပါတယ်။ ကိုယ့်အတွက် တွန်းအားဖြစ်စေတာက ဘယ်အရာတွေလည်း၊ တွန်းအားမဖြစ်တဲ့အရာတွေက ဘယ်ဟာ တွေလည်းဆိုတာကို ခွဲခြားပြီး ဖယ်ထုတ်နိုင်ရင်တော့ လူတစ်ယောက်မှာ ပျော်စရာတွေပဲရှိမယ်လို့ မြင်တယ်'' လို့ ပြောပါတယ်။

Photo: Su Sandi Oo Instagram

 

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။ ဂီတလော ကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန် းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က