ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ထားတာပါ။

Photo: ကျော်ကျော်ဗိုဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကျော်ကျော်ဗို ကတော့ ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားထဲမှာ အရက်သမားတစ်ယောက်၊ ပေပေတေတေနေတတ်တဲ့ လူတစ်ယောက် ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်တဲ့ အကြောင်းတွေကိုလည်း  အခုလို ပြောပြခဲ့ပါတယ်။

'' ညီအစ်ကို ၄ ယောက်ဖြစ်နေတော့ ကာရိုက်တာတွေကလည်း တစ်မျိုးချင်းစီလုပ်လိုက်ကြမယ်ဆိုပြီးတော့ ကျွန်တော်က အရက်သမား၊ ပေပေတေတေနေရမယ့် ကာရိုက်တာဆိုတော့ မုတ်ဆိတ်မွေးတွေနဲ့ ဖြစ်သွားတာပေါ့။ ဒီဇာတ်ကားကလည်း အဓိက က ဦးချမ်းပြဇတ်ပေါ့၊ ဦးချမ်းဆီက ပြဇာတ်အသစ်လေးတွေဆိုရင် ဗီဒီယိုခေတ် ကတည်းက ကျွန်တော်က ယူပြီးရိုက်တာဆိုတော့ ဒီပြဇာတ်လေးကို ဦးဝင်းထွန်းထွန်း နဲ့ စကားပြောဖြစ်ရင်းနဲ့ ဦးဝင်းထွန်းက ဝေမင်းမောင်ကို သွားပြလိုက်တဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ဖြစ်သွားတာပါ'' ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့က ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ကျော်ကျော်ဗိုဖေ့စ်ဘွတ်

 

ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

'' ဇာတ်ကားရိုက်ထားတာ ၄ နှစ်လောက်ကြာပြီဆိုတော့  တင်ပြပုံ၊ တင်ဆက်ပုံတွေက အခုစိတ်နဲ့ကြည့်လို့တော့ မရတော့ဘူးပေါ့။ အခုစိတ်နဲ့ ကြည့်ရင်တော့ လိုအပ်ချက်ရှိနေသလိုပဲ ခံစားရတယ်။ အဲ့ဒီ အချိန်အခါတုန်းက လုပ်ထားတဲ့ အနေအထားလေးဆိုရင်တော့ ကောင်းတယ်လို့ ပြောလို့ရတာပေ့ါနော်''လို့ သူက ဆိုပါတယ်။

Photo: ကျော်ကျော်ဗိုဖေ့စ်ဘွတ်

 

ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sence Flim Production က ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးဟာ ချမ်းသာ(ရွှေမန်းသဘင်)ရဲ့ လိပ်ပြာမှာဆိုတဲ့ ဇာတ်လမ်းကို အကယ်ဒမီ ငြိမ်းမင်းက ဇာတ်ညွှန်းပြန်လည်ရေးဖွဲ့ ထားတာပဲဖြစ်ပါတယ်။ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံ နဲ့ အကယ်ဒမီစိုးမြတ်သူဇာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က