မွေးနေ့ဆုတောင်းစကားတွေပြောလာပါတယ်။

ရွှေပိုးအိမ်ကတော့ သူမရဲ့ မွေးနေ့အလှူအဖြစ် ရုပ်ရှင်လောကသားတွေကို တတ်နိုင်သလောက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့တာတွေ့ရပါတယ်။ သူ့ရဲ့ အလှူကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

ဒီနေ့ကတော့ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာတော့ အမှတ်တရ အဖြစ် မိသားစုဝင်တွေ၊ We Love ပရိသတ်တွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တဲ့အကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ မနေ့ကတော့ ရွှေပိုးရဲ့ မွေးနေ့အကြိုအလှူအဖြစ် လှည်းကူးက ‘မေတ္တာမွန်’ ပရဟိတကျောင်းမှာ အလှူငွေ သွားလှူဖြစ်တယ်။ ပြီးတော့ အဲဒီက ကလေးလေးတွေနဲ့ မွေးနေ့ကိတ် ခွဲဖြစ်ခဲ့တယ်။ ဒီနေ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ အမေများအဖွဲ့ရယ်၊ မမများအဖွဲ့ရယ်၊ ကိုလူချောအဖွဲ့ရယ်ကိုလှူတယ်။ အမေများအဖွဲ့နဲ့ မမများအဖွဲ့ကိုတော့ ဆန်အိတ် ၆ အိတ်စီနဲ့ အလှူငွေ တစ်သိန်းပေါ့နော်။ ကိုလူချောအဖွဲ့က လူများတဲ့အတွက် အလှူငွေ ၄ သိန်းလှူဒါန်းပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် လူကြမ်းသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးမြမောင်ကလည်း ရွှေပိုးအိမ်အတွက် မွေးနေ့ဆုတောင်းစကား ဆိုလာပါသေးတယ်။

‘’ အခုလို ရှားပါးနေတဲ့အချိန်မှာ သမီးလေးက အခုလို အလှူဒါနလုပ်တဲ့အတွက် အဘတို့အနေနဲ့ အတိုင်းမသိ ဝမ်းသာပါတယ်။’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ ရွှေပိုးအိမ်ရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရွှေပိုးအိမ်ရဲ့ မွေးနေ့အလှူကိုတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်လုံးတင်လည်း တက်ရောက်ခဲ့ပါတယ်။ သူ့ရင်ထဲက မွေးနေ့ဆုတောင်းလေးကိုလည်း Duwun Media ကနေတဆင့် ပြောပြလာပါတယ်။

‘’အခုလို ရွှေပိုးအိမ်က မွေးနေ့အလှူအဖြစ် မမများအဖွဲ့၊ အမေများအဖွဲ့၊ ကိုလူချောအဖွဲ့တွေကို ဒီလို ဆန်နဲ့ ပိုက်ဆံတွေ လှူပေးခြင်းအားဖြင့် ရွှေပိုးအိမ်လေး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ လိုရာဆန္ဒ တစ်လုံးတဝ ပြည့်စုံပါစေ။ အနုပညာလုပ်ငန်းလည်း ဒီ့ထက်ပိုတိုးပြီးတော့ လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်’’ လို့ သူကဆိုပါတယ်။

ရွှေပိုးအိမ်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နဲ့ အမျိုးသားသွေးလှူဌာန တို့မှာ မွေးနေ့အလှူလေးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။သူဟာ ဇာတ်ပို့ ဇာတ်ရံ ရုပ်ရှင်လောကသားတွေအတွက် အလှူငွေနဲ့ ဆန် တွေ လှူဒါန်းခဲ့တာဖြစ်ပြီး အမျိုးသားသွေးဌာနမှာတော့ လူနာရှင်တွေ၊ လူနာတွေနဲ့ ဝန်ထမ်းတွေအတွက် အာဟာရဒါန ကုသိုလ်အလှူပြုခဲ့ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုကတော့ လက်ရှိမှာ ခေါင်းဆောင်မင်းသမီး တစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးလာရတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က