ရွှေပိုင်လေး အသက် ၆ နှစ်ကျော်လာပါပြီ။

ဇော်ပိုင်ရဲ့ သားလေးရွှေပိုင်က အသက် ၆ နှစ်ရှိပါပြီ။ စာဖတ်တဲ့ ဝါသနာနဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို စိတ်ဝင်တစားရှိလာ တာကတော့ ထူးခြားတဲ့ ဝါသနာလေးပါတဲ့။ မိဘနှစ်ပါးစလုံးရဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေပိုင်လေးက အခုချိန်ထိ လည်း ကြော်ငြာတွေ ရိုက်ကူး နေရတုန်းပါပဲတဲ့။



 

အဆိုတော်ဇော်ပိုင်ရဲ့ သားဖြစ်သူ ရွှေပိုင်ကတော့ အခုဆိုရင် အသက် ၆ နှစ်ကျော်ခဲ့ပါပြီ။ ကျောင်းတက်နေတဲ့ အရွယ်မှာတော့ ရွှေပိုင်လေးက စာဖတ်တဲ့ ဝါသနာကိုတော့ ထူးထူးခြားခြားတွေ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စာပေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်လေးတွေ အကြောင်းကိုလည်း စိတ်ဝင်စားသေးတယ်လို့ ဇော်ပိုင်က ပြောပါတယ်။

'' ရွှေပိုင်က စာဖတ်တာ ဝါသနာပါတာတွေကို ထူးထူးခြားခြားတွေ့ရပါတယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို လည်း သူစိတ်ဝင်စား တယ်။ တရိစ္ဆာန်ကောင်လေးတွေပဲ ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်က ထူးဆန်းတဲ့ သစ်ပင်လေးတွေ၊ တောအုပ်လေးတွေကို သူ့အရွယ်လေးနဲ့ သူစဉ်းစားမိတွေးခေါ်နိုင်တဲ့ အပိုင်းလေးတွေကို  စူးစမ်းပြီးတော့ စိတ်ဝင်စားတယ်'' လို့ သူကဆိုပါတယ်။

 

ရွှွေပိုင်လေးရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတွေက ဆံပင်ကောက်တာ၊ နှုတ်ခမ်းထော်တာ၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာဝိုင်းဝိုင်း လေးတွေ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေက သူ့ရဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါပဲ။ ဒီလိုအရာလေးတွေကလည်း မိဘ နှစ်ပါးစလုံးရဲ့ အလှအပတွေကို စုပေါင်းထားသလိုပါပဲ။

'' နှုတ်ခမ်းထော်တာ၊ ဆံပင်ကောက်တာတော့ ကျွန်တော်နဲ့ တူတယ်၊ မျက်လုံးဝိုင်းတာ မျက်နှာဝိုင်းတာလေးတွေကတော့ သူ့အမေ ငယ်ငယ် တုန်း က ပုံနဲ့ တူတယ်။ အေးအေးဆေးဆေးနေတတ်တာကတော့ သူ့အမေနဲ့ရော ကျွန်တော်နဲ့ရော တူတာပေါ့။ မိဘတွေ ပြန်ပြော ပြပုံ အရတော့ သူ့အမေရော၊ ကျွန်တော်ရော ဆော့ရင်တောင်မှ ခက်အေးအေးပဲ ဆော့တာများတယ်'' လို့ ဇော်ပိုင်ကဆိုပါတယ်။

 

ငယ်ငယ်လေးကတည်းက ကလေးပစ္စည်းကြော်ငြာတွေမှာမပါမဖြစ် သရုပ်ဆောင်ရတတ်တဲ့ ရွှွေပိုင်လေးကတော့ လက်ရှိမှာလည်း ကြော်ငြာ တွေရိုက်ကူးနေရတုန်းပါပဲလို့ ဇော်ပိုင်က ပြောပါတယ်။ သူတို့ ဇနီးမောင်နှံကလည်း သားလေးအတွက် အချိန်ပေးတာနည်းလို့ အားလပ်ချိန် တိုင်း သားလေး အနားက ကိုမခွာတော့ဘူးလို့ ဆိုပါတယ်။

'' သားလေးအနေနဲ့ သူကြော်ငြာရိုက်ထားတာလေးတွေလည်းရှိတယ်။ အခုလည်း ရိုက်ဖြစ်နေပါတယ်။ ကျွန်တော် တို့ လင်မယားနှစ်ယောက် စလုံးက ခရီးတွေ ထွက်ရတာဆိုတော့ တစ်ခါတလေ သူ့အတွက် အချိန်ပေးတာ အရမ်းနည်းတယ်။ ရတဲ့ အချိန်မှာလည်း သူနဲ့ အတူ သွားတယ်၊ စားတယ်။ သူ့ အနားမှာပဲ တစ်ချိန်လုံး ရှိနေတတ်ကြပါတယ်'' လို့ သူကဆိုပါတယ်။

သားလေးရွှေပိုင်အကြောင်း ရွှန်းရွှန်းဝေအောင်ပြောလာတဲ့ ဇော်ပိုင်  

သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်လေးတွေရဲ့ အကြောင်းကို စိတ်ဝင်တစားရှိလှ တဲ့ ရွှေပိုင်လေး ကတော့ ခရီးထွက်တဲ့နေရာတိုင်း တိရစ္ဆာန်ရုံ ကို မရောက် ရောက်အောင် သွားတတ်ကြတယ်လို့ ဆိုပါတယ်။ မိသားစု အားလပ်ရက်တွေမှာလည်း တခြားနေရာတွေထက် တိရစ္ဆာန်ရုံကို အရောက်များတယ်လို့ ကိုသားစိုးရဲ့ လက်ဖက်မိတ်ဆက်ပွဲကို တက်ရောက်ရင်း မီဒီယာအင်တာဗျူးတွေမှာ ဇော်ပိုင်က ပြောပြခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က