ပြုပြင်ရမယ့် အခြေအနေမျိုးတော့ မဖြစ်လာနိုင်ပါဘူး။

အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့အလှအပကို ပိုင်ဆိုင်ထားတဲ့ အဲလစ်အုန်းကတော့ မျက်နှာခွဲစိတ်ပြုပြင်မှုတွေအပေါ် အကောင်း အဆိုးမဝေဖန်ချင်တော့ပါဘူးတဲ့။ သူကိုယ်တိုင်ကလည်း အလှအပကို စနစ်တကျ ထိန်းသိမ်းတတ်တာကြောင့် ခွဲစိတ် ပြုပြင်မှု မလိုအပ်တဲ့ အကြောင်း လည်း ပြောပြခဲ့ပါတယ်။



 

သရုပ်ဆောင် အဲလစ်အုန်းက မျက်နှာခွဲစိတ်ပြုပြင်မှုတွေအပေါ် အကောင်းအဆိုး မဝေဖန်ချင်ဘူးလို့ပြောပါတယ်။ ခွဲစိတ်ပြုပြင်ပြီးသား အလှ အပ မှာလည်း ရလဒ်အကောင်းအဆိုး ရှိတတ်တာကြောင့် ဒီလိုအချက်တွေအပေါ် လက်ခံနိုင်မှာသာ ခွဲစိတ်ပြုပြင်စေချင်တဲ့အကြောင်း Duwun Media ကို ပြောပြခဲ့ပါတယ်။

'' တချို့လူတွေကျတော့လေ Negative Comment ပေးကြတာတွေ့တယ်။ ခွဲစိတ်ပြုပြင်နေချိန်မှာလည်း နာကျင်ရတယ်။ အချိန်ပေးရတယ်၊ ငွေကြေးကုန်တယ်။ အဲ့ဒါကို သူကိုယ်တိုင်လက်ခံနိုင်လို့ သူလုပ်တယ်။ ခွဲစိတ်ပြုပြင်လိုက်လို့ လှသွားတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ဆိုရင်တော့ အားပေးတယ်။ သူများလုပ်လို့ ကိုယ်လည်း လိုက်လုပ်ချင်တယ်ဆိုရင်တော့ စဉ်းစားသင့်တယ်"လို့ ဆိုပါတယ်။

ခွဲစိတ်ပြုပြင်မှုမဖြစ်အောင် ကိုယ့်ခန္ဓာကိုယ်ကို သေသေချာချာ ထိန်းသိမ်းဖြစ်တယ်ဆိုတဲ့ အဲလစ်အုန်းက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစား အသောက်တွေ စားတယ်၊ အသားအရေထိန်းသိမ်းဖို့အတွက် Skin Care တွေ နဲ့ သေသေချာချာ ဂရုစိုက်ဖြစ်တယ် ဆိုတာကို ဇူလိုင်လ ၂၇  ရက်နေ့ မနက်ပိုင်းက Dimension စင်ကာပူပြမယ့် စာနယ်ဇင်းရှင်းလင်းပွဲမှာ Duwun Media ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အဲလစ်ကတော့ ကိုယ်ကိုယ်တိုင်မပြုပြင်ရအောင်တော့ ထိန်းထိန်းသိမ်းသိမ်းနေမှာပေါ့နော်။ ဥပမာဆိုရင် အခုအရွယ်ကတည်းက အဲလစ် ဂရုစိုက်ရမယ့် အပိုင်း Sun Cream တွေ သေချာလိမ်းမယ်၊ ကောလဂျင်တွေ သေချာသောက်မယ်။ အိပ်ရေးဝအောင် အိပ်ပြီး လေ့ကျင့်ခန်း တွေ သေချာလုပ်မယ်ဆိုရင်တော့ ပြုပြင်သွားရမယ့် အခြေအနေတော့ မရှိလာနိုင်လောက်ဘူး'' လို့ သူကဆိုပါတယ်။

 

အဲလစ်အုန်းဟာ အစားပုတ်တဲ့အချိန် အအိပ်အစားမမှန်ချိန်ဆို ပါးအရမ်းဖောင်းတာကတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ မကြိုက်ဆုံးအချက်ပါပဲတဲ့။ သူမကြိုက်တဲ့ အချိုးအစားတွေကိုတော့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မွေးကတည်းက ပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အလှအပကြောင့်လည်း ယုံကြည်မှုရှိရှိနေတယ်လို့ ဆိုပါတယ်။

'' အဲလစ် ခံယူထားတဲ့ အလှက စံညွှန်းမရှိဘူး၊ မွေးရာပါကတည်းက မတူညီတဲ့ ပင်ကိုယ်အလှဆိုတာ ရှိတယ်။ လှတယ်ဆိုတာ ပုံသေနည်း လည်း မရှိဘူး၊ စံညွှန်း လည်းမရှိဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်နေတယ်၊ ယုံကြည်မှုရှိရှိနေတာက အဓိက အကျဆုံးပဲလို့ ထင်ပါတယ်'' လို့ ဆိုပါတယ်။

 

အဲလစ်အုန်းကို သူ့ရဲ့ ပရိသတ်တွေက မဂ္ဂဇင်းကာဗာ၊ တီဗီကြော်ငြာတွေကနေတဆင့် သတိထားမိခဲ့ကြတာပါ။ အဲ့ဒီနောက် Dimension ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ပရိသတ်အင်အားပိုများလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Canal + အခပေး ရုပ်သံ လိုင်းရဲ့ ပူတူတူးရုပ်သံလိုင်းမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က