စိတ်မကောင်းဖြစ်လို့နေပါတယ်။

ဇွဲပြည့်ဟာ ညီအစ်ကိုလို ခင်ရတဲ့ စီနီယာတစ်ဦး ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ အဆိုတော် ဇွဲပြည့် သီဆိုထားတဲ့ “စာချွန်တော်” နဲ့ "အဝေးမိုင်" သီချင်းတို့ဟာ တေးရေးကမ္ဘာ ရေးသားထားတဲ့ သီချင်းတွေပါ။

အဆိုတော် ဇွဲပြည့်ဟာ စီနီယာတစ်ဦးဖြစ်သလို ညီအစ်ကိုလို ချစ်ရတဲ့ တေးရေးကမ္ဘာကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်လို့ နေပါတယ်။ အဆိုတော် ဇွဲပြည့် သီဆိုထားတဲ့ “အဝေးမိုင်” နဲ့ “စာချွန်တော်” သီချင်းတို့ဟာ တေးရေး ကမ္ဘာရေးသားထားတဲ့ သီချင်းတွေပါ။ ဇွဲပြည့်ဆိုတာ တေးရေးကမ္ဘာကြောင့် ဖြစ်လာတာပါလို့လည်း ဇွဲပြည့်က ရင်ဖွင့်ထားပါတယ်။

“ဇွဲပြည့် ဖြစ်လာတယ်ဆိုတာ ကိုကမ္ဘာကြောင့်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ဇွဲပြည့်ဆိုထားတဲ့ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့သီချင်းရော၊ စာချွန်တော်က ခွဲလို့မရအောင် လူတိုင်းသိကြတဲ့ သီချင်းထဲမှာပါသလို ပရိသတ်တွေ အရမ်းအားပေးတဲ့ သီချင်းတွေပေ့ါ။ ဘာပဲ ဖြစ်ဖြစ် ကိုကမ္ဘာဆုံးရှုံးရတာ မယုံကြည်နိုင်ဘူး။ ပထမဆုံးသတင်းကြားရတော့တောင် တော်တော်ဝမ်းနည်းမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ဆုံးသွားပြီဆိုတော့ ဘာမှ မတတ်နိုင်ဘူး။ အသက်က ပြန်ရှင်လာမှာမှ မဟုတ်တာ” ဆိုပြီး ဒီနေ့ (မတ်လ၇ရက်)က ကမ္ဘာရဲ့ နောက်ဆုံး ခရီးကို လိုက်ပို့ရင်း Duwun Media သို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇွဲပြည့်ဟာ ကမ္ဘာမဆုံးခင် ရက်ပိုင်းအလိုလောက်က သူနဲ့ အဆက်အသွယ်ရသေးတယ်လို့ ဆိုပါတယ်။

“ကိုကမ္ဘာနဲ့ နောက်ဆုံးအဆက်အသွယ်ရတာက ကျွန်တော့်အခွေ အသစ်ထွက်မယ့် ပွဲနဲ့ ပတ်သက်ပြီး ဖုန်းလှမ်းဆက်ပြီး ပြောဖြစ်သေးတယ်။ အဲ့တုန်းကတော့ တောင်ငူမှာလို့ပြောတယ်။ ဒီလိုမျိုး ဖြစ်သွားတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းနည်းမိတယ်။ ကျွန်တော့်အကိုကြီး ထာဝရငြိမ်းချမ်းသွားပြီဆိုတော့ ငြိမ်းချမ်းနိုင်ပါစေ၊ ဘုရားသခင်နဲ့လည်း အမြန်ဆုံး နီးစပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်“ ဆိုပြီး ဇွဲပြည့်က ဆက်လက်ပြောပြခဲ့ပါတယ်။

တေးရေးကမ္ဘာဟာ မတ်လ(၄) ရက်နေ့က နေပြည်တော်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြသလို ဂီတအနုပညာမောင်နှမတွေ အားလုံး စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

တေးရေးကမ္ဘာဟာ နာမည်ကြီး အဆိုတော်များအတွက် သီချင်းတွေ များစွာ ရေးပေးခဲ့သလို ဇွဲပြည့်ရဲ့ “အဝေးမိုင်”၊ “စာချွန်တော်”၊ သီချင်းများ အိမ့်ချစ်ရဲ့ “ထို့ကြောင့်ဝေးကြသည်”၊ အဆိုတော် G Latt သီဆိုထားတဲ့ မှားလား၊ ခဏတာ၊ မြို့ပြလမ်းခွဲတို့ကို အကိုဖြစ်သူအတွက် ရေးပေးခဲ့သလို ထိုသီချင်းတွေဟာ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သိချင်းများ ဖြစ်ခဲ့ပါတယ်။



က္က