သမီးလေးတွေကို စည်းကမ်းလေးနဲ့ ထိန်းတယ်။
Ei Ei Myat

ခေတ်ခေတ်နဲ့သစ်သစ်က အမြွှာလေးတွေဆိုပေမယ့် တူတာလေးတွေလည်း ရှိသလို ကွဲနေတာလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

 

Photo : chit thu wai

ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ခေတ်နဲ့သစ်က အခုဆိုရင် (၃)နှစ်ကျော် အရွယ်ကို ရောက်ရှိလို့လာပါပြီ။ အရာရာကို စူးစမ်းတတ်နေပြီဖြစ်တဲ့ သူတို့နှစ်ယောက်က အမြွှာလေးတွေဖြစ်ပေမယ့် မတူတဲ့ အကျင့်လေးတွေ ရှိတယ်လို့ ချစ်သုဝေက ဆိုပါတယ်။

“ သူတို့လေးတွေက အမြွှပေမယ့် သူတို့စိတ်လေးတွေက ကွာတယ်။ခေတ်ခေတ်နဲ့ သစ်သစ်က တူတာလေးတွေလည်း ရှိသလို ကွဲနေတာတွေလည်း တော်တော်များတယ်။ သစ်သစ်လေးက စိတ်ထားနူးညံ့တယ်။ထိခိုက်လွယ်တယ်ပေ့ါ ။ အကြီးမလေးကျတော့ သိပ်မခံစားတတ်ဘူးမေ့လွယ်ပျောက်လွယ်တယ်၊ ကလေးဆိုးလေးပေ့ါ။ အငယ်မ‌လေးကတော့ သေချာ နက်နက်ရှိုင်းရှိုင်းခံစားတတ်တယ်။အဲ့ဒါကြောင့် ဒီရက်ပိုင်းအငယ်မလေးကို တော်တော်ဂရုစိုက်ရတယ်” လို့ သူမက ဖေဖော်ဝါရီ(၂၇) ရက်နေ့က ပြုလုပ်တဲ့ shayi ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo : chit thu wai

သူမအနေနဲ့ သမီးလေးကို ထိန်းကျောင်းတဲ့နေရာမှာ စည်းကမ်းလေးတွေနဲ့ ထိန်းကျောင်းတတ်သူ တစ်ဦးပါ။ သမီးလေးတွေနဲ့ ပတ်သက်ပြီး အချစ်ကြီးတဲ့ ချစ်သုဝေဟာ ကလေးတွေကို သွန်သင်ဆုံးမတဲ့အခါမှာတော့ စိတ်မာမာထားပြီး ပြတ်ပြတ်သားသားလေး ဖြစ်အောင် သွန်သင်ဆုံးမတတ်တာ တွေ့ရပါတယ်။

“သူတို့က ၃နှစ်ဆိုတော့ အရမ်းသိနေပြီ။အရမ်းစမ်းလည်းစမ်းတတ်တဲ့အရွယ်ရောက်နေပြီ စမ်းတယ်ဆိုတာ အစ်မရဲ့ limited တွေကို စမ်းတာပေ့ါနော်။ သူတို့ငိုရင်ဘာရမလဲ သူတို့တစ်ခုခုလုပ်လိုက်ရင်ဘာရမလဲဆိုတာ ကိုခေါင်းထဲမှာ အရမ်းစဥ်းစားတတ်တဲ့အရွယ်ရောက်နေပြီ။မမက တချို့အရာတွေမှာ မေမေက ဒါဆိုဒါနော်ဆိုတာမျိုးကို သိအောင်လုပ်ပေးရတာပေ့ါ။ စိတ်လည်းမာရတာတော့ပေ့ါနော်”လို့ သူမက ဆိုပါတယ်။

Photo : chit thu wai

ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။ အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။

Photo : chit thu wai

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

 


က္က