နောက်ထပ် တန်ဖိုးရှိ ပစ္စည်းတွေလည်း ပါသေးတယ်။

ရွှေမှုံရတီကတော့ ရွှေထူးအတွက် တန်ဖိုးကြီးလက်ဆောင်တွေနဲ့ Birthday Surprise လုပ်ခဲ့တာ တွေ့ရပါတယ်။ ရွှေမှုံရဲ့ လက်ဆောင်တွေကြားမှာ ရွှေထူးတစ်ယောက် မျက်ရည်ကျမတက် ဝမ်းသာနေပုံပါပဲ။

Photo: Forever



သရုပ်ဆောင်ရွှေမှုံရတီက ချစ်ရတဲ့ ခင်ပွန်း ရွှေထူးအတွက် Birthday Surprise အနေနဲ့ ကားအကောင်းစားကြီး တစ်စီးနဲ့ အတူ နောက်ထပ် ထူးခြားတဲ့ မွေးနေ့လက်ဆောင်တွေ ပေးခဲ့တာ တွေ့ရပါတယ်။

‘’ Surprise ???’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံများစွာနဲ့ ရွှေထူးကို ပေးတဲ့ မွေးနေ့လက်ဆောင်လေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Forever

ရွှေထူးအတွက် ရွှေမှုံရတီ ပေးတဲ့ မွေးနေ့လက်ဆောင်တွေကတော့ GAC motorမှာ GM 8 အမျိုးအစား ကားတစ်စီး၊ ရွှေမှုံရတီရဲ့ ဆံပင်လေးနဲ့ အတူ ကျစ်ထားတဲ့ ‘’ ဆံပင် လက်ကောက်လေး’’ ၊ ပလက်တီနမ် ဆွဲကြိုးတစ်ကုံး တို့ကို ပေးခဲ့တာဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ မွေးနေ့လက်ဆောင်တွေကြားမှာ ရွှေထူးကလည်း မျက်ရည်ကျမတက် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

Photo: Forever

အဆိုတော် ရွှေထူးဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က အသက် ၂၇ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရ အနေနဲ့ လှည်းကူးမြို့နယ်အတွင်းမှာရှိတဲ့ မေတ္တာပရဟိတ ဂေဟာမှာ မိသားစုနဲ့ အတူတူ မွေးနေ့ အလှူလုပ်ခဲ့တာ တွေ့ရပါတယ်။ ရွှေထူးအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာရှင်တွေကလည်း အများကြီးရှိခဲ့ပါတယ်။

Photo: Forever

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က