ထင်ယောင်ထင်မှားရှိနေကြတာပါ။

အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ တွဲနေကြပြီ ဆိုတဲ့ သတင်းတွေအပေါ် ဇေရဲထက် က ဖွင့်ပြော လာပါပြီ။ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာကြောင့်လည်း နစ်နာစရာတွေရှိတယ်လို့ ဇေရဲထက်က ပြောပါ တယ်။



 

အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ တွဲနေကြပြီ ဆိုတဲ့ သတင်းတွေအပေါ် ဇေရဲထက်က ဖွင့် ပြော လာပါပြီ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင်နှစ်ဦးအတွက်လည်း စိတ်မကောင်းဘူးလို့  ဆိုပါတယ်။ ပရိသတ်တွေ ထင်ယောင် ထင်မှား ဖြစ်နေတာပါလို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' လတ်တလော ဟော့ ဖြစ်နေတဲ့ သတင်းတွေက တကယ်မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ပြောချင်ပါတယ်။ အဲ့ဒါကလည်း MTV သွား ရိုက်တာပါ နိုင်ငံခြားမှာဆိုတော့လေ ခိုးရိုက်ရတာပေါ့။ အဲ့ဒီကို တချို့က ထင်ယောင်ထင်မှား ဖြစ်တာမျိုးတွေရှိတယ်။ ရွှေမှုံ နဲ့ ကိုရွှေထူးတို့ အပေါ်မှာလည်း Comment ကနေ ပိုးစိုးပက်စက်ပြောထားတာတွေရှိတယ် အဲ့ဒီအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်'' လို့ ဆိုပါတယ်။

 

ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က အခုလက်ရှိမှာ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာကြောင့်လည်း နစ်နာစရာတွေရှိတယ်လို့ ဇေရဲထက်က ပြောပါတယ်။ ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ရဲ့ ဆက်ဆံရေးဟာ အသက်အရွယ်ကွာခြားပေမယ့် မောင်နှမ အရင်းတစ်ယောက်လို ချစ်ချစ်ခင်ခင် ရှိလှတဲ့ အနုပညာရှင်နှစ်ဦးဖြစ်ပါတယ်။

'' သူတို့ နှစ်ယောက်က တကယ့်မောင်နှမအရင်းတွေလို တွေ့ရတယ်၊ သူတို့ MTV သွားရိုက်တာကို တစ်မျိုးထင်သွားတဲ့အတွက် နှစ်ဦး နှစ်ဖက် စလုံးက နစ်နာရတာပေါ့နော်။ ကျွန်တော်ဖြစ်စေချင်တာက အားလုံးသည် ကာယကံရှင်နှစ်ယောက်ကိုယ်တိုင် ဝန်ခံမှသာ လက်ခံပေးကြပါ။ ကိုယ်ချစ်တဲ့ မင်းသမီးရော၊ ကိုယ်အားပေးတဲ့ အဆိုတော်ရော နှစ်ဦးစလုံး နစ်နာရတာတွေရှိပါတယ်'' လို့ Duwun media ရဲ့ သီးသန့် အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ရွှေမှုန်ရတီရဲ့ အလန်းစား ဓာတ်ပုံများ 

 

ဇေရဲထက် ပြောပြခဲ့တဲ့ အကြောင်းအရာတွေ အပြင် ကာယကံရှင်ဖြစ်တဲ့ ရွှေမှုန်ရတီကလည်း အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ သတင်းတွေနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါတယ်။ ပရိသတ်ကိုလည်း အချိန်တစ်ခု စောင့်ကြည့်ပေးဖို့ ပြောလာပြီး တခြား တုံ့ပြန်စကားတွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

'' သဲ အနေနဲ့ကတော့ ဘာမှ မပြောချင်ပါဘူး။ အချိန်တစ်ခုကြည့်ပြီး စောင့်ကြည့်ပါ ဆိုတဲ့ စကားလေးဘဲ ပြောချင်ပါတယ်။ သူလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မသိဘူး၊ သူထင်တာ သူပြောနေတာ ဆိုတော့ အဓိက သည် ကာယကံရှင်တွေပဲ  သိမှာ ဝန်မခံသ၍ကတော့ ဘာမှ ပြောလို့ မရဘူး။ သူလည်း သဲကို စိတ်ပူနေတာပဲ သူ့ကိုလည်း သဲ ဘာမှ မပြောထားဘူး၊ အချိန်တစ်ခုပဲ စောင့်ပေးပါ'' လို့ ဆိုပါတယ်။

 

ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများကြီးပါပဲ။ သိပ်မကြာခင်မှာလည်း သူတို့ နှစ်ဦး ပါဝင်ထားတဲ့ '' အဆိုတော်တွေ နေတဲ့ရွာ '' ဇာတ်ကားကြီးကို သြဂုတ်လ ၂၄ ရက်နေ့က စပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇေရဲထက်က Rap ဂီတကို ရူးသွပ်သူဖြစ်ပြီး ရွှေမှုန်ရတီကတော့ Punk Style ကို ရူးသွပ်သူ တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က