အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားတော့ .. ။

အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားတဲ့ ရွှေထူးအတွက် ရုပ်ရှင်ရိုက်မယ့် ကာရိုက်တာတွေကို သေသေချာချာ ရွေးချယ်ပေးနေတယ်လို့ 7th Sense Film Production မှ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။

Photo: Wai Min Maung



အဆိုတော်ရွှေထူးဟာ သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး 7th Sense Film Production နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားတဲ့ ရွှေထူးအတွက် ကာရိုက်တာကို သေသေချာချာရွေးချယ်နေတယ်လို့ 7th Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က မီဒီယာတွေကို ပြောပြလာပါတယ်။

‘’အခုချိန်မှာ သူက အိမ်ထောင်ရှင်ဖြစ်တဲ့အတွက် သူနဲ့လိုက်ဖက်မယ့်ဇာတ်ကို အရင်တုန်းကထက် ပိုစဉ်းစားပြီးတော့ ရွေးချယ်ဖြစ်တယ်။ ဒါပေမယ့် မကြာခင်တော့ သူ တစ်ကားရိုက်ဦးမှာပါ။ သူနဲ့ လိုက်ဖက်မယ့် ဇာတ်ကိုလည်း ကျွန်တော် တွေ့ထားပါတယ်’’ လို့ Box No.88 ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေထူးဟာ 7th Sense Film Production နဲ့အတူ ‘’ပက်ပက်စက်စက်ညှို့’’ ၊ ‘’ဒဏ္ဍာရီမိုး’’၊ ‘’ဧည့်သည်’’ ရုပ်ရှင်ကားကြီးတွေရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်ကားမှာတော့ ရင့်ကျက်တဲ့ လူငယ်တစ်ယောက် အသွင်နဲ့သာ မြင်ရမယ်လို့ ကိုဝေမင်းမောင်က ဆက်လက်ပြောပြလာပါတယ်။

‘’ အဲဒီမှာတော့ တကယ်ရင့်ကျက်တဲ့ လူတစ်ယောက်နေရာကတော့ သူ့ကို ရိုက်ပေးဖို့ရှိတယ်။ အရင်တုန်းကတော့ ရွှေထူးကို ရွေးပေးတဲ့ဇာတ်က အရမ်းလွတ်လပ်တယ်။ အခုတော့ အိမ်ထောင်ရှင်တစ်ဦးဖြစ်သွားတဲ့အတွက် တည်ငြိမ်မှုဖြစ်တဲ့ အပိုင်းတွေ၊ လုပ်မယ်ဆိုရင်လည်း သူ့အတွက် များများလေးလုပ်လို့ရမယ့် ဇာတ်မျိုးတွေ ကျွန်တော်ရွေးနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Wai Min Maung

ကိုဝေမင်းမောင်က ရွှေထူးဟာ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တာကြောင့် ကာရိုက်တာကို သေသေချာချာရွေးချယ်ရတယ်လို့ ဆိုပါတယ်။

‘’အခုလောလောလတ်လတ်ကလည်း သူက အိမ်ထောင်ကျထားထာဖြစ်တဲ့အတွက် သူခဏတော့ နားနေတာလည်းဖြစ်ပါတယ်။ နောက်ကျရင်တော့ သူနဲ့ လိုက်ဖက်မယ့့် ဇာတ်မျိုးတွေကို ရွေးချယ်ရိုက်ကူးသွားဖို့ ရှိပါတယ်။ ရွှေထူးက အရင်က လူပျို၊ လူလွတ်ဆိုတော့ လွတ်လွတ်လပ်လပ် ဇာတ်ကို ရွေးချယ်လို့ရတယ်’’ လို့ ဆိုပါတယ်။

Photo: Aye Zaw Moe

7th Sense Film Production က ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ ‘’မုန်းစွဲ’’၊ ‘’တိမ်တိုက်တံတား’’၊ ‘’ရန်သူ’’၊ ‘’ကိုယ်စောင့်နတ်’’ စတဲ့ ရုပ်ရှင်ဇတ်ကားကြီးတွေဟာ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က