အူအတက်ပေါက်လို့ ဆေးရုံတင်ထားခဲ့ရပါတယ်။
Sabal Thwin

အူအတက်ပေါက်လို့ အရေးပေါ်ဆေးရုံတက်ခဲ့ရတဲ့ ဘုန်းမင်းနေလရဲ့ ကျန်းမာရေးအခြေအနေကတော့ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ သားရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ခင်ဇာခြည်ကျော်က ပြောပြထားပါတယ်။

Photo: Khin Zar chi kyaw

ဘုန်းမင်းနေလ ကတော့ အူအတက်ပေါက်လို့ ရွှေဂုံတိုင် SSC ဆေးရုံမှာ အရေးပေါ် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မိခင်ဖြစ်သူ သရုပ်ဆောင် ခင်ဇာခြည်ကျော်က အခုလို ပြောပြခဲ့ပါတယ်။

‘’ သားသား ဗိုက်ထဲက အူအတက်ပါ။ ခွဲစိတ်ခန်းက ထွက်ပါပြီ။ စိတ်ပူပြီးဆုတောင်းပေးကြသူ အားလုံး ကျေးဇူးပါရှင်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ ညက သူ့ရဲ့ facebook Story မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ခွဲစိတ်ခဲ့တဲ့ အူအတက်ကိုလည်း တွဲလျှက်တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Khin Zar chi kyaw

ခင်ဇာခြည်ကျော်ဟာ သားလေးအတွက် အရမ်းကို စိုးရိမ်ကြီးနေခဲ့တာကိုလည်း တွေ့ရပါတယ်။ သူမတို့ မိသားစုကို ချစ်တဲ့ ပရိသတ်တွေကလည်း စိတ်ပူခဲ့ကြရပါသေးတယ်။

‘’ သားသား အူအတက်ပေါက်လို့ အခုလေးတင် ခွဲစိတ်ခန်းဝင်သွားပြီ။ ၄.၁၀.၂၀၁၉’’ ဆိုပြီတော့ ခင်ဇာခြည်ကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာလ ၄ ရက်နေ့ ည ၁၁ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ ဘုန်းမင်းနေလ ကိုအားပေးချစ်ခင်သူတွေကလည်း ကျန်းမာရေး အမြန်ဆုံးကောင်းဖို့ Comment ကနေတဆင့် မျှော်လင့်ဆုတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။

Photo: Khin Zar chi kyaw

ဘုန်းမင်းနေလ( Phone Min Nay La) ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာက စလို့ ပရိသတ်အားပေးမှု ပိုရရှိခဲ့တာပါ။ လက်ရှိမှာလည်း ဘုန်းမင်းနေလက အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။

Photo: Mei Meilay

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က