သင်းသင်းရဲ့ ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောပြခဲ့တာဖြစ်ပါတယ်။
Ei Ei Myat

ဒီနေ့ရုံးချိန်းကိုတော့ သရုပ်ဆောင် ဝေဠုကျော်နဲ့ သင်းသင်းတို့ တက်ရောက်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့ အမှုကတော့ နောက်တစ်ပတ်မှာ ထူးခြားမှု ရှိနိုင်တယ်လို့ သင်းသင်းရဲ့ ရှေ့နေ ရောဘတ်ဆန်းအောင်က ဆိုပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (စက်တင်ဘာ၅ရက်)က ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဘက်က ဖုန်းမှတ်များကို သက်သေခံအဖြစ် တင်ခဲ့ပေမယ့် တရားခံဘက်က ကန့်ကွက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ တရားခံနဲ့ တရားလို ပြောထားတဲ့ အသံဖိုင်မှတ်တမ်းများက အရေးကြီးလို့ ရုံးတော်သို့ တင်သွင်းခဲ့တာဖြစ်ပေမယ့် ရုံးတော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိသေးဘူးလို့ တရားလိုရဲ့ ရှေ့နေ ရောဘတ်စန်းအောင်က ဆိုပါတယ်။

“ဒီနေ့ လျှောက်လဲချက်က စာနဲ့ပဲ တင်လိုက်တယ်။ သက်သေခံ ဖုန်းမှတ်တမ်းဖိုင်တွေကို သက်သေခံအဖြစ် ကျွန်တော်တို့ ဘက်က တင်တာကို တစ်ဖက်က ကန့်ကွက်လာတယ်။ အသံဖိုင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေက အရေးကြီးလို့ တင်တာပါ။ ရုံးက ဘာဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော်တို့လည်း မသိပါဘူး။ လျှောက်လဲချက်နဲ့ ပတ်သက်ပြီး အမိန့်ချမယ်။နောက်တစ်ပတ်က သက်သေခံမှတ်တမ်းနဲ့ ပတ်သက်ပြီး ဖိုင်ကို စာနဲ့လည်း ထုတ်ထားတယ်။ သက်သေခံ ဥပဒေ ပုဒ်မ ၁၀၁အရလည်း ကျွန်တော်တို့ဘက်က သက်သေပြဖို့လိုပါတယ်။ ကျွန်တော်တို့ အထက်က တင်ထားတာလေးတွေ ရှိတယ်။ ထက်တင်တဲ့အပေါ်မှာ ဒါကို ကန့်ကွက်တဲ့ဟာလေးတွေ ရှိလာတယ်။ ဒါကို လက်ခံသင့်တယ်ဆိုတာကို စာနဲ့ပဲ တင်ခဲ့တယ် “ဆိုပြီး ဒီနေ့ရုံးချိန်အပြီး အမှုအခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

တရားခံဘက်က ရှေ့နေကလည်း သမီးရည်းစားနှစ်ယောက် အလာပသလာပ ပြောတဲ့စကားများကို ရုံးတော်သို့ တင်သွင်းခြင်းဟာ သိပ်ကို ရိုးရှင်းတာကြောင့် အသံဖိုင်များကို ထပ်မတင်ဖို့ ကန့်ကွတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘာလုပ်နေလဲ အိပ်ပြီလားဆိုတာ သိပ်ကို ရိုးရှင်းလို့ ဒါကြီးကို မတင်ပြပါနဲ့ အချိန်တွေလည်း ကုန်ပါတယ်ဆိုပြီးတော့ ဒါကြီးကို တင်ပြတဲ့အခါမှာအမှုဆုံးဖြတ်တဲ့အခါအမှာ ဘယ်လိုမှ အထောက်အကူမပြုနိုင်ဘူးဆိုပြီး ကန့်ကွတ်ခန့်တယ်။ သက်သေခံ အဖြစ် သတ်မှတ်တယ် မသတ်မှတ်ဘူးဆို တာ တရားရုံးက ဆုံးဖြတ်မှာ ဒါကို ကန့်ကွတ်လို့လည်း ရတယ်။ လက်ခံမယ်မခံဘူးဆိုတာ တရားရုံးဆုံးဖြတ်ချက်ပါပဲ။ ကြာတယ်ဆိုတာကတော့ တရားရုံးအပိုင်းပါပဲ” ဆိုပြီး ဝေဠုကျော်ရဲ့ ရှေ့နေဦးဝေဖြိုးမြတ်က ဆိုပါတယ်။

ဝေဠုကျော်တို့ အမှုနဲ့ ပတ်သက်ပြီး ရုံးတော်သို့ တင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲမှာ အွန်လိုင်းမှာ ပြောနေကြသလို သမီးရည်းစား ပတ်သက်မှုကို ဖော်ပြနေတဲ့ ဗီဒီယိုဖိုင်များ ပါဝင်ခြင်း မရှိဘူးလို့ ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပြခဲ့ပါသေးတယ်။

 “တင်သွင်းခဲ့တဲ့ သက်သေတွေထဲမှာ ဗီဒီယိုဖိုင်တစ်ဖိုင်ပါတယ်။ အဲဒါက ဝေဠုကျော်နဲ့ သင်းသင်းနဲ့ ရပ်ပြီးစကားပြောနေတာကို ဗီဒိယိုရိုက်ပြီး ဗီဒိယိုဖိုင် သက်သေခံသွင်းတာပါ။ ကျန်တာမရှိပါဘူး” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

ဝေဠုကျော်ရဲ့ အမှုကတော့ နောက်တစ်ပတ်မှာ ထူးခြားမှု ရှိနိုင်တယ်လို့ သင်းသင်းရဲ့ ရှေ့နေ ရောဘတ်စန်းအောင်က ဆိုပါတယ်။နောက်တစ်ပတ်ရုံးချိန်းကိုတော့ စက်တင်ဘာ(၁၁) ရက်နေ့ကို ထပ်ပြီး ချိန်းဆိုလိုက်ပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။


က္က