သူဘာတွေများ ပြောထားမလဲ။

သတင်းတွေ ထွက်လာတယ်ဆိုတာကလည်း ဖွတဲ့သူရှိလို့ ထွက်တာပေ့ါနော်။ နေခြည့်ကို လူထင်မြင်သေးအောင် ကိုယ့်ကို နာမည်ပျက်အောင် လုပ်တာက ဒါပထမဆုံး မဟုတ်ပါဘူးတဲ့။ ဒီလိုထွက်ပေါ်နေတဲ့  သတင်းတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပြတ်တောက်သွားမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။





Beauty Blogger တစ်ဦးအဖြစ် အောင်မြင်နေတဲ့ နေခြည်ဦးဟာ လက်ရှိမှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာတွေ ရှိပါတယ်။ သူမပုံတွေနဲ့တကွ အွန်လိုင်းစာမျက်နှာပေါ်မှာ ဝေဖန်ခြင်း ခံနေရတဲ့ နေခြည်ဦးဟာ သူမအတွက် ဒါဟာ ပထမဆုံးတော့ မဟုတ်တော့ဘူးလေလို့ သူမက ဆိုပါတယ်။ ယခင်ကလည်း သူမကို နာမည်ပျက်အောင်  လူအထင်အမြင်သေးအောင် လုပ်တာတွေလည်း ရှိခဲ့ဖူးတာပဲတဲ့။


"ဒီသတင်းတွေ ထွက်တယ်ဆိုတာကလည်း ဖွတဲ့သူရှိလို့ ထွက်တာပေ့ါနော်။ နေခြည့်အနေနဲ့ ကိုယ့်ကို လူထင်မြင်သေးအောင်ကိုယ့်ကို နာမည် ပျက်အောင် လုပ်တာက ဒါပထမဆုံးမဟုတ်ဘူးလေ။ အရင်တုန်းကလည်း ဖြစ်ဖူးတယ်။ နေခြည်အနေနဲ့ ဒါကို ပြန်ပြီး တုန့်ပြန်စရာ အကြောင်း မရှိဘူး။ ဘာလို့လည်း ဆိုတော့ နေခြည်ရဲ့ Relationship ကို နေခြည် အစကတည်းက public မှာ တွဲပြတယ်။ ချပြတယ်။ ဒီလိုသတင်းတွေ ထွက်လာတဲ့အတွက်တော့ နေခြည်စိတ်မကောင်းတော့ ဖြစ်မိတယ်။ ဟုတ်တဲ့သတင်းတွေကော မဟုတ်တဲ့ သတင်းတွေကော အသရေဖျက်တဲ့ သတင်းတွေကော အများကြီးပါလာတာပေ့ါ။ ဒါမေယ့် နေခြည်ဘက်က ဒါကိုပြန်ပြီး တုန့်ပြန်ဖို့တော့ မရှိပါဘူး" လို့ သူမက ဒီနေ့ သြဂုတ်လ(၂၂) ရက်နေ့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ရွေးချယ်ပွဲမှာ မီဒီယာတွေကိုု ဖြေဆိုပေးခဲ့ပါတယ်။


ဒီလိုထွက်ပေါ်နေတဲ့  သတင်းတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပြတ်တောက်သွားမှာ မဟုတ်ပါဘူးတဲ့။ ယခုလို သတင်းများ ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ပိုပြီး ခိုင်ခိုင်လုံလုံ ဖြစ်လာစေတယ်လို့လည်း ဆိုပါတယ်။ ယခုလက်ရှိ ပိုင်ဆိုင်ထားရတဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ယခုလို ပြောပြခဲ့ပါသေးတယ။်

"အချစ်ရေးနဲ့ပတ်သက်ပြီးတော့ နေခြည်အနေနဲ့ တော်တော်လေးကို အရေထူနေပါပြီ။ ပြီးတော့ နေခြည်တို့ ကြိုက်တာလည်း ကြာပြီ။ နေခြည်တို့ စကြိုက်ကတည်းက ဒီလိုမျိုး သတင်းတွေက ထွက်နေတာ အခုကြိုက်တာလည်း တော်တော်ကြာပြီ ဖြစ်တဲ့အတွက် နေခြည့်ရင်ထဲမှာတော့ ဘာမှ ခံစားချက်တော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ရွေးချယ်တဲ့ အချစ်ရေးမှာ နေခြည်က ပျော်ရွှင်တယ်။ နေခြည်ချစ်သူက နေခြည်ချစ်တာထက် နှစ်ဆသုံးဆ ပြန်ချစ်ပေးနိုင်တယ်။ နှစ်ယောက်လုံးကလည်း လိပ်ပြာသန့်သန့်နဲ့ ချစ်တာပေ့ါနော်။ ဒါပေမယ့် အနုပညာရှင်တစ်ယောက် ဆယ်လီတစ်ယောက်ဖြစ်တဲ့အတွက်  ကိုယ့်ရဲ့အချစ်ရေးကတော့ လူတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာပါပဲ။ ဒါပေမယ့် ဒါကို နေခြည့်မှာ ပြန်လည်ရှင်းပြဖို့လည်း မလိုဘူးလို့ ထင်ပါတယ်။ ကာယကံရှင်တွေက အသိဆုံးပါပဲ"လို့ သူမက ဆက်လက်ဖြေ ဆိုပေးခဲ့ပါတယ်။

Photo : နေခြည်ဦး IG



နေခြည်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတချို့သော ပရိသတ်များကလက်ခံသလို တချို့သော ပရိသတ်များက ဝေဖန်ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ နေခြည်ဦးကို သူများရည်းစားလုတယ်ဆိုတဲ့အထိ ဝေဖန်မှုပြင်းထန်တဲ့ ကောမန့်တွေတောင် ရှိလို့နေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တော့လည်း နေခြည်ဦးက "ရည်းစားလုတယ်လို့ ပြောနေကြတဲ့အပေါ် နေခြည်ပုံစံ နေခြည်အနေအထားအရ အဲ့လိုလုပ်စရာ မလိုဘူးလို့ နေခြည်ထင်ပါတယ်" ဆိုပြီး နေခြည်ဦးက ပြောပြထားပါတယ်။



သူ့အပေါ် အများကြီးချစ်ပေးနိုင်တဲ့ သူမရဲ့ ချစ်သူအကြောင်းကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။ "အစက အရမ်းမချစ်ဘူး။ ယောကျာ်းလေးတစ်ယောက်ကို ရွေးချယ်တဲ့အ်ချိန်မှာ ငယ်ငယ်တုန်းကျတော့ ရုပ်ရည်တော့ ကြည့်တယ်။ ကိုယ် အသက်အရွယ်ရလာတဲ့အချိန်မှာ အလုပ်ကောင်းကောင်းတစ်ခုရှိတယ်။ ကိုယ့်ကိုတစ်ကယ်ချစ်တယ်။ ကိုယ့်ကို တကယ်သည်းခံနိုင်တဲ့သူကိုပဲ နေခြည်ရွေးခဲ့တာပါ။ သူက နေခြည့်ကို တကယ်ချစ်တယ်။ တကယ်လည်း သည်းခံတယ်။ ကြားထဲမှာ နေခြည်ဆိုးတာလည်း ရှိတယ်။ နေခြည်တို့ ပျက်သွားတာလည်းရှိတယ်။ ဒါပေမယ့် ဒါတွေအပေါ်မှာ အကဲခတ်အမှတ်ပေးခဲ့တာပေ့ါ။ သူ နေခြည့်ကို အများကြီး ချစ်တယ်။ အများကြီး သည်းခံတယ်" ဆိုပြီး ချစ်သူအကြောင်း သူမက ပြောထားပါတယ်။

Photo : နေခြည်ဦး IG

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က